🗞️(၂၅) -U

15K 1.2K 23
                                    

" ဗျို့ မမခင် "

ခြံထဲမှအော်ခေါ်သံကြောင့် အခန်းထဲမှ ခပ်သုတ်သုတ်ထွက်လာလိုက်သည်။ သားငယ်လေးက စောနမှအိပ်မောကျသွားတာမို့ မနိုးစေချင်ပါ။

" ဘာအရေးကိစ္စတုန်း ကိုလှဖေ "

" စိန်ပန်းပင်အောက်မှာ ‌ချည်နီလက်ပတ်ကြိုးတစ်ကြိုး ကျနေတာတွေ့လိုက်လို့။ မမခင်များ ပျောက်သေးလား လာမေးတာ "

ကိုလှဖေအပြောကြောင့် မိမိလက်ကောက်ဝတ်အား အမြန်စမ်းကြည့်မိ၏။ ဟုတ်ပါရဲ့ ခင့်လက်ပတ်ပျောက်နေသည်ပဲ။

" ဟုတ်တယ် ကိုလှဖေ။ ဘယ်မှာလဲ အဲ့လက်ပတ်ကြိုး "

" ဘယ်သူ့ဟာမှန်း သေချာမသိလို့ ကျုပ်မကောက်ခဲ့ဘူး။ အခုပြန်သွားကောက်ပေးရမလားဗျ "

" ရတယ် ကိုလှဖေ။ ခင့်ဘာသာပဲ သွားလိုက်မယ် "

စိုးမိုးလာသော ဝမ်းနည်းမှုတို့သည် မျက်ရည်ကြည်များအဖြစ် သဏ္ဍာန်ယူ၏။ မပြေးရုံတမယ် လှမ်းနေမိသော ခြေလှမ်းများသည် ဖိနပ်မပါလာခြင်းအား သတိမပေးခဲ့ပါ။

တောင်းပန်ပါတယ် အမောင်ဟု ခင်တစ်ကိုယ်တည်းကြားရုံ ဆိုမိသည်။ နှောင်ကြိုးနီလေးကိုမှ ခင်က ဖျောက်ပြစ်နိုင်ခဲ့တာ၊ ခင်ဟာ သိပ်မိုက်မဲသော မိန်းမပင်။

" ဒေါ်ခင်မူယာ "

လေးထောင့်မှန်ကိုင်းကြည်ကြည်အောက်မှ မီးခိုးရောင်မျက်ဝန်းတစ်စုံ။ ခပ်လျော့လျော့သာ စည်းနှောင်ထားသည့် ခွေလိပ်လိပ်ဆံနွယ်များဟာ အချိုးညီသောမျက်နှာနှင့် သိပ်လိုက်ဖက်လျက်ရှိ၏။ အမောင်ဟာ ထာဝရအတွက် အမောင်ပါပဲ။

" အမောင် "

ထိန်းထားရသည့် မျက်ရည်တို့အား စီးကျခွင့်ပေးလိုက်သောအခါ ထွေးပွေ့ခံလိုက်ရသည့် ကိုယ်လုံး။ သိမ့်ခနဲနွေးသော ခံစားချက်နှင့်အတူ လစ်ဟာမှုအား ဖြည့်တင်းခံလိုက်ရသည့် နှလုံးသားနေရာ။ လမ်းပျောက်နေသော ကလေးငယ်လေး အိမ်ကိုပြန်ရှာတွေ့သလို ကြည်နူးမိသည့် အခိုက်အတန့်။ အမောင်ဟာ ငါးနှစ်တာပျောက်‌ဆုံးခဲ့ရသော ခင့်ရဲ့မေတ္တာအိမ်ကလေးပင်။

" ကျုပ်ပြန်လာပြီနော် ဒေါ်ခင်မူယာ "

" စောင့်နေခဲ့တာ၊ တစ်ရက်ကလေးမှ မမေ့မလျော့ပဲ အမောင့်ကို ခင်စောင့်နေခဲ့တာပါ။ အခုလိုပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်ကွယ် "

အမောင် (completed)Место, где живут истории. Откройте их для себя