" မောင် "
" မောင်နားထောင်နေပါတယ် ဒေါ်ခင်မူယာ "
" မနက်ဖြန် တန်ဆောင်မုန်းလပြည့်ဆိုတော့ မိသားစုလိုက်လေ ဘုရားသွားကြရအောင်နော် "
" ဒေါ်ခင်မူယာ သဘောပါပဲ "
မောင်တို့ရုံးတွင် ကထိန်ခင်းသည်မို့ အထက်လူကြီးတစ်ယောက်ဖြစ်သော မောင်ကမဖြစ်မနေသွားရလေ၏။ ထို့ကြောင့် မနက်စောစော ဘုရားသွားဖူးမည့် အစီအစဉ်အား ညနေစောင်းသို့ ပြောင်းရွေ့လိုက်ရသည်။
အချိန်သည်ကား ညနေလေးနာရီ။
မောင့်အလာကိုစောင့်ရင်း သားငယ်ကော ခင်ပါပြင်ဆင်ပြီးပြီမို့ သွားရန်အသင့်ပင်။ သို့သော် ယခုအချိန်ထိ မျှော်တော်ယောင်လေးဟာ ပေါ်လို့မလာသေးပေ။" မောင်မောင်က ကြာလိုက်တာ မေမေရယ် "
ပြောနေတုန်းရှိသေး အသက်ရှည်ဦးမည်။
ခြံထဲသို့ တလိမ့်လိမ့်ဝင်လာသော အနက်ရောင်စလွန်းကားလေး။ အိမ်ပေါက်ဝရှေ့ရပ်နေသော ခင်တို့သားအမိနှင့် မလှမ်းမကမ်းတွင် ကားထိုးရပ်လေသည်။ တစ်ဆက်တည်းမှာပဲ ပွင့်ဟလာသော မောင်းသူနေရာမှ တံခါးချပ်။အနည်းငယ်လှစ်ဟာသွားသော ထဘီအောက်နားစကြောင့် တစ်စွန်းတစ်စ ထင်ပေါ်လာသည့် ခြေချင်းဝတ်ရှိ အမာရွတ်ဟောင်း။ မြတ်နိုးရခြင်းတို့တွင် ဖြူဖြူဥဥ ခြေဖမိုးတစ်စုံလည်း ပါဝင်ရောနှောနေ၏။ မြေပြင်နှင့် ထိတွေ့သွားသော အနက်ရောင်ကတ္တီပါဖိနပ်။ ခင့်ဆီသို့ တစိုက်မတ်မတ်လှမ်းလာသော ထိုခြေလှမ်းများ။ ဦးတည်ချက်ပြောင်းသွားခြင်းမရှိပဲ ခင့်ဘဝထဲသို့ ဝင်ရောက်လာခဲ့သော ထိုခြေလှမ်းများ။ ငေးကြည့်နေရင်းမှ ကြည်နူးမျက်ရည်ဝဲမိသည်အထိ၊ မောင်က ခင့်အပိုင်လေ။
" စတုဒီသာမဏ္ဍပ်တွေကြောင့် လမ်းမှာကားတွေပိတ်နေတာ ဒေါ်ခင်မူယာရယ်။ အကြာကြီးစောင့်ခိုင်းမိသွားလို့ မောင်တောင်းပန်ပါတယ်နော် "
" မလိုပါဘူး မောင်ရယ် "
" ကဲ ဒါဆိုကားပေါ်တက်ကြ။ သွားရအောင် "
" မောင် ပင်ပန်းနေရောပေါ့ နားပါဦးကွယ် "
" ဒေါ်ခင်မူယာရဲ့ မျက်နှာလေးမြင်ရုံနဲ့ကို မောင်က အမောပြေနေပြီ။ အဲ့တာကြောင့် နားမနေတော့ပါဘူး "
VOUS LISEZ
အမောင် (completed)
Roman d'amourage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂