အမောင် အပိုင်းလေး။
ခင့်ခြေတော်ရင်း ကျုပ်ဝပ်ဆင်းပါ့မယ် ...။
လီလီယာမောင်ရဲ့ နှလုံးသားလေးက ဒီတစ်ခေါက်စစ်ပွဲတွင်တော့ ရှုံး၏။ ဘုရင်မဧကရီ ဒေါ်ခင်မူယာရဲ့ စစ်ပရိယာယ်တွေထဲ အလဲလဲအပြိုပြိုဖြင့်။နှလုံးသားကို သုံ့ပန်းအဖြစ် ဆက်သပြီး စိတ်နဲ့ခန္ဓာအား ဘုရင်မရဲ့ စေလိုရာစေအဖြစ် အသုံးတော်ခံပါ့မယ်။ အသနားခံလက်ဆောင်အနေနဲ့ကတော့ လီလီယာမောင်ရဲ့ အဆုံးအဆမရှိ မေတ္တာကိုယူပါ။
တစ်ဖန်ပြန်အောင်နိုင်ခြင်းမရှိတော့မယ့် ရှုံးပွဲမျိုးထဲ လိုလိုလားလား အညံ့ခံပါရစေ။" ဟော မမခင်ပါလား၊ ဘယ်အရပ်ကို ခြေဆန့်မလို့တုန်းဗျ "
ဝတ်စားဆင်ယင်ထားပုံအရ ရွာနီးခြောက်စပ်သွားလာဖို့တော့ မဖြစ်နိုင်။ ကျုပ်ပင် လှမ်းမခေါ်ရသေးပါပဲ ဦးစွာနှုတ်ခွန်းဆက်လေသော တင့်ဖေကြောင့် ငြိမ်သက်စွာသာ ရပ်နေလိုက်သည်။
" မြို့မဈေးကို သွားဖို့ပါ "
" တစ်ယောက်တည်းဆို ဘယ်ဖြစ်ပါ့မလဲ မမခင်ရာ။ မြို့မှာလူတွေက ရှုပ်ရရှုပ်နဲ့၊ ရိုးသားလွန်းတဲ့ ကျုပ်အမကြီးကို တစ်ပတ်ရိုက်လိုက်ကျရင် ခက်ရချည်ရဲ့ "
" စကားတွေတတ်နေလိုက်တာ မောင်တင့်ဖေရယ်။ မြို့မဈေးက ခင်သွားနေကျပါ "
" မဖြစ်ဘူး မဖြစ်ဘူး၊ လုံးဝကို မဖြစ်တာ။ လီလီ မင်းအဖော်ကူလိုက်သွား "
ထိုအခါမှသာ ငြိမ်သက်နေသူသည် လှုပ်လှုပ်ရှားရှားဖြစ်လာ၏။ ဟမ်'ဆိုသော အာမေဋိတ်သံလေးနှင့်အတူ ဘေးဘက်ရှိ မောင်တင့်ဖေကို လှည့်ကြည့်လေသည်။
" မဟုတ်တာကွယ် လိုက်ဖို့မလိုပါဘူး "
" လီလီ မင်းမလိုက်ချင်ဘူးလား၊ မဟုတ်ရင် ကျုပ်ပဲလိုက်သွားမယ် "
အကြောင်းသိလို့ လှော်ပေးနေသော်ငြားလည်း ဘိလပ်ပြန်ပညာတတ်ကြီးက အင်းမလုပ်၊အဲမလုပ်။ ယောက်ျားသားချင်းဆို ဇာတ်ပိုးကို နှစ်ချက်လောက်ဆင့်ရိုက်လိုက်ပြီးနှင့်ပြီ။
" အမောင်က မအားဘူးနေမှာပါ၊ ခင်သွားတော့မယ်ကွယ် "
" မဟုတ်တာ ကျုပ်အားပါတယ် ဒေါ်ခင်မူယာ "
CZYTASZ
အမောင် (completed)
Romansage gap (U/Z) " အမောင်ဟာ အမောင်ပါပဲ ထာဝရအတွက်ပေါ့ " ၅ ဇွန်လ ၂၀၂၂ - ၃ နိုဝင်ဘာလ ၂၀၂၂ 🗞️ " အေမာင္ဟာ အေမာင္ပါပဲ ထာဝရအတြက္ေပါ့ " ၅ ဇြန္လ ၂၀၂၂ - ၃ နိုဝင္ဘာလ ၂၀၂၂