"နှလုံးသားဖြင့် စီရင်လေသောအခါ☘"
Part (1)
------------
------------"ဘေးဖယ် ဘေးဖယ်!!!"
"ဟဲ့ ပလုတ်တုတ်!!"
"ဟဲ့!!ဟဲ့!! အငြိမ်း နင် ဘယ်လို မောင်းနေတာလဲ အကုန်တိုက်မိကုန်တော့မှာပဲ!!"
"ပြောချင်ရင် နောက်မှပဲ ဆက်ပြောတော့ ကြီးတော်ရေ!!"
"ဝူး!!!!"
အော်ပြောပြီး ဆိုင်ကယ်လီဗာကို ဆောင့်ဆွဲကာ ထွက်သွားသူက အငြိမ်း....
အနောက်မှာ ကျန်ခဲ့တဲ့ ဒေါ်မနီကတော့ အငြိမ်းကိုမန်းမှုတ်နေပေမဲ့ ထိုအသံတွေက ကြားနေကျမို့ အငြိမ်းအတွက်တော့မထူးဆန်းပေ...'အငြိမ်း' တဲ့
နမည်ကသာ ငြိမ်းတာ လူကတော့ ဘာဆိုဘာမှငြိမ်းမနေပါ...
၁၀တန်း စာမေးပွဲဖြေပြီးထဲက အငြိမ်းဆိုတာ ရေထဲလွတ်လာတဲ့ 'စုဠလိပ်' လိုကိုဖြစ်လာခြင်းပင်...
အစထဲကမျောက်လွဲကျော် အငြိမ်းက အခုလို စာမေးပွဲကင်းရှင်းကာ အားလပ်သွားသည်မို့ ရပ်ကွက်ရဲ့ရပ်ကွက်ဇော် ဖြစ်နေလေသည်....အငြိမ်းနမည် အရင်းက "အဝေရာငြိမ်း"
အကိုတစ်ယောက်ရှိတဲ့ အငြိမ်းကတကယ့်ကိုမှပေါက်ကျော်မပင်...
အင်္ကျီပွပွ ဘောင်းဘီပွပွတွေဝတ်ကာ ဝတုတ်တုတ်အရပ်ပုပု အသားဖွေးဖွေးကောင်မလေးဖြစ်သလို ဆံပင်ဆိုတာကလဲ ဂုတ်ကနေဘယ်သောအခါမှ အောက်မရောက်ပေ..."ကျွီ!!!"
ဆိုင်ကယ်ရပ်သံနဲ့အတူ အာပြဲလျှာပြဲ ထွက်လာသည်က အငြိမ်းရဲ့ အသံပင်...
"မိဇာရေ!!မိဇာ!!"
"အေး!!လာပြီ အငြိမ်းရေ!!"
အငြိမ်း အခုရောက်နေတာ တခြားသူဆီတော့မဟုတ်...
မိဇာ လို့ခေါ်တဲ့ အငြိမ်းရဲ့BFFကြီး 'အိမ့်ဇာဇာအောင်' ဆီပင်ဖြစ်သည်...မိဇာ ကတော့ အငြိမ်းနဲ့ ရုပ်ရည်ရော အပြင်အဆင်ရော တော်တော်လေးကွာသည်...
မိဇာက တော်တော်လှသည်...
အသားညိုညို နဲ့ တော်တော်လဲလှသလို အရပ်မြင့်ကာ ပိန်သွယ်သွယ်ကောင်မလေးဖြစ်သည်..."မိဇာရယ် ကြာလိုက်တာ ထုတ်မနေနဲ့ နင့်ရုပ်က ဒီရုပ်ကဒီရုပ်ပဲ!!"
"အေးပါ!!နင်ကလဲ!!"
■အဟွန့်!!မိဇာတို့များ
ဆိုင်ကယ်လေး ခနလောက်လိုက်စီးမှာကို ပြင်နေတာကိုက မပြီးနိုင်မစီးနိုင်...