"နှလုံးသားဖြင့်စီရင်လေသောအခါ☘"
Part (14)
--------------
--------------လေးထောင့်ပုံစံပါဝါမျက်မှန်လေးတပ်ကာ အင်္ကျီချုပ်နေတဲ့ကိုကြီးပုံစံကတော်တော်လေးကြည့်ကောင်းနေသည်ကိုတော့အငြိမ်းဝန်ခံမိသည်။
ယောက်ျားတွေကြည့်ကောင်းဆုံးအချိန်ကဘယ်အချိန်မှန်း အငြိမ်းမသိပေမဲ့ ကိုကြီးကြည့်ကောင်းဆုံးအချိန်က အင်္ကျီချုပ်နေတဲ့အချိန်လို့အငြိမ်းယူဆမိသည်ပင်။
တကယ်ဘုရားစူး
အငြိမ်းအတွက်ဂါဝန်ချုပ်သွားတဲ့ကိုကြီးအတွက်ကြာချိန်က ၁နာရီမျှသာ...။"ရော့ သွားဝတ်ကြည့်!!"
"ဟုတ်..ဟုတ်ကဲ့!!"
အငြိမ်းရေချိုးခန်းထဲဝင်ကာ ကိုကြီးချုပ်ပေးတဲ့ဂါဝန်ကိုဝတ်လိုက်လေတော့သည်။
"ဂျောက်!!"
တံခါးဖွင့်သံနဲ့အတူ သူ့ဆီတဖြေးဖြေးလျှောက်လာတဲ့သူမက သူချုပ်ပေးထားတဲ့ အပြာနုနုလက်ဖောင်းဂါဝန်လေးက သူမခြေသလုံးဖြူဖြူလေးတွေပေါ်က လှပနေသည်ပင်...။
သူမအတွက်အမြန်ရအောင် အမြန်ဆုံးချုပ်ပေးလိုက်သည်မို့ သူချုပ်သမျှထဲမှာဒီဂါဝန်လေးကအရိုးရှင်းဆုံးပင်...။
ဆံပင်ကုပ်ဝဲလေးနဲ့ မျက်လုံးလေးတွေပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့သူမက သူ့အရှေ့မှာအပြာရောင်နတ်သမီးလေးနှယ်...အငြိမ်းကိုသေချာစိုက်ကြည့်နေတဲ့ကိုကြီးကြောင့် အငြိမ်းမျက်နှာတွေပင်ပူထူတက်လာကာဘယ်ထွက်ပြေးလို့ပြေးရမှန်းမသိ..
"ကို..ကိုကြီး!!"
"---"
"ကျွန်တော် အဆင်ပြေတယ်မှတ်လား!!"
အငြိမ်းစကားကိုအဖြေပြန်မပေးပဲ ဆိုဖာပေါ်ကနေထကာ အငြိမ်းအနားလျှောက်လာတဲ့ကိုကြီးကြောင့် အငြိမ်းလန့်သွားရသည်...။အငြိမ်းအနားနီးသထက်နီးလာကာ ကိုကြီးရင်ဘတ်လောက်သာမြင့်သည့်အငြိမ်းကိုငုံ့ကြည့်လိုက်သည်မို့
"ကို...ကိုကြီး!!"
"ဘာပေးမှာလဲ!!"
"ဗျာ..."
"ချုပ်ခလေ...ဒီအင်္ကျီချုပ်ခအနေနဲ့ဒီဇိုင်နာကိုယ့်ကိုဘာပေးမှာလဲ!"
BẠN ĐANG ĐỌC
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Lãng mạnကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤