"နှလုံးသားဖြင့်စီရင်လေသောအခါ☘"
Part (9)
------------
------------
"အဟင့်!!အဟင့်!!"
ငိုရှိုက်သံသဲ့သဲ့နဲ့အတူ ပူနွေးနွေး နဖူးပြင်ထပ် လက်တစ်ဖက်က ထိတွေ့လာလေတော့သည်...။
"ကျစ်!!ဖျားနေတာပဲ!!"
သူ့အိပ်ယာပေါ်မှာ လဲနေသည့် သူမမျက်နှာမြင်လိုက်မှ သူ့အိမ်ကတလွဲကျော်မျောက်မူးလဲမှန်း ဘာဘာသိလိုက်ရသည်...။
ဘယ်ကနေ ဘယ်လိုသူ့တိုက်ခန်းကိုရောက်လာမှန်းမသိပေမဲ့ ရေစိုနေတဲ့သူမခန္ဓာပေါ်ကအဝတ်အစားတွေကြောင့် သူမကတော့ဖျားနေလေပြီဖြစ်သည်...။
သူမရဲ့ရေစွတ်ဝတ်တွေကိုလဲပေးရအောင်လဲ သူ့အတွက်အဆင်မပြေသည်မို့ ဘာဘာ ဘာလုပ်ပေးရမှန်းမသိ...။
"အဟင့်!!ချမ်းတယ်...အမေ...အမေ!!"
ကယောင်တမ်းတွေပြောကာ သူ့စောင့်အထူကြီးအောက်မှာခွေနေတဲ့သူမ...။
"အမေ ကျွန်တော်ချမ်းတယ်...အမေ!!"
သူမအမေကိုသာအော်ခေါ်ကာ တော်တော်လေးချမ်းနေပုံရသည့် သူမကြောင့် အင်္ကျီအစိုမလဲပေးသ၍သူမဆက်အေးနေမယ်ဆိုတာ သူသတိထားမိလိုက်သည်...။
"ဟေ့....ဟေ့!!"
သူမကိုလှုပ်ကာ နှိုးလိုက်မိသည်...။
"ဟေ့...ထ...ဟေ့ ထ လို့!!"
"အဟင်း!!အင်း"
"ဟေ့!!"
သူမ ပုခုံးကို လှုပ်ကိုင်လိုက်တော့မှ အဖျားရှိန်နဲ့နီနေတဲ့သူမ မျက်နှာနဲ့ ဖြတ်ခနဲပွင့်လာသည့် သူမမျက်ဝန်းတွေကို သူသေချာလေးတွေ့လိုက်ရသည်...
ခပ်ပြည့်ပြည့် ကောင်မလေးမို့ ပါးဖောင်းဖောင်းလေးတွေကလဲ သူမမျက်နှာမှာသေချာလေးနေရာယူနေသည်ပင်...
"ကို...ကိုကြီး!!"
အားနည်းနေသည်မို့ဖျော့တော့စွာထွက်ပေါ်လာသည့်ခေါ်သံသဲ့သဲ့လေးကြားမှာ သူအသိဝင်လာကာ သူမပုခုံးကိုကိုင်ထားသည့်သူ့လက်တွေကိုလွှတ်ပေးမိကာ မျက်နှာတစ်ဖက်လွှဲလိုက်ပြီး ကုတင်ပေါ်ကနေ ထလိုက်လေသည်...
အငြိမ်း အသိဝင်လာတော့ သူမနဲ့မျက်နှာချင်းဆိုင်နေသည်က ခဲရောင်ဆံပင်တွေနဲ့ကိုကြီးရဲ့မျက်နှာချောချောလေးပင်....
အငြိမ်း အိပ်ယာကနေ ထထိုင်လိုက်ကာ
ВЫ ЧИТАЕТЕ
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Любовные романыကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤
