Part(6)

2.3K 71 0
                                    

"နှလုံးသားဖြင့် စီရင်လေသောအခါ☘"

Part (6)
-----------
-----------

မီးအလင်းရောင်တွေထိန်ထိန်လင်းသွားတဲ့ ထမင်းစားခန်းထဲ

"ကျွန်....ကျွန်တော်က!!"

"ဂွက်!!"

ရေသောက်ပြီးဖန်ခွက်ကို စားပွဲ ဂွက်ခနဲ မြည်အောင်ချလိုက်တဲ့ ဘာဘာကြောင့် အငြိမ်းပြောလက်စ စကားက လေထဲမှာတင်တိခနဲရပ်သွားရလေတော့သည်...
အခုဆို ထမင်းစားပွဲမှာထိုင်နေတဲ့ဘာဘာ ဘေးမှာ အပြစ်ရှိသူမို့ အငြိမ်း လက်လေးနှစ်ဖက်အရှေ့မှာ ယှက်ကာ ခေါင်းငုံ့နေရသည်...
ဘာဘာတစ်ယောက်ရေခွက်ကို ချကာ  အငြိမ်းကိုနည်းနည်းလေးမျှမကြည့်....

"မင်း ဘာလို့ညကြီးမိုးချုပ်အဲ့အောက်ရောက်နေရတာလဲ!!"

"ကျွန် ....ကျွန်တော်...!!"

"ဟူး!!"

အငြိမ်း အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့စကားကိုရပ်လိုက်ကာ အသက်ကိုတဝကြီးရှုလိုက်ရင်း ကတုန်ကယင်ဖြစ်နေတဲ့ရင်ခုန်နှုန်းကို ထိန်းချုပ်ကာ

"ကျွန်တော် ဗိုက်ဆာလို့ပါ ကိုကြီး!!"

"ဘယ်လို!!"

အငြိမ်းအဖြေကြောင့် ဘာဘာ မျက်ခုံးပင့်သွားရကာ
ဘာဘာ့စကားကြောင့် အငြိမ်း ဘာဘာ့ကိုတစ်ချက်မော့့ကြည့်ပြီး ချက်ချင်းဆိုသလိုခေါင်းပြန်ငုံ့မိသည်က တည်လွန်းနဲ့ဘာဘာ့မျက်နှာထားကြောင့်ပင်...

"မင်း ဗိုက်ဆာရင်လဲ အိမ်အကူတွေကိုခေါ်တာဖြစ်ဖြစ် မီးဖွင့်ပြီးတော့ပဲဖြစ်ဖြစ် စားပွဲပေါ်မှာ စားပါလား!!ခုံအောက်ထဲဝင်စားရအောင် မင်းကသရဲလား!!"

■ခုနက သူမကြောင့်သူတော်တော်လန့်သွားခဲ့ရသည်မဟုတ်လား...
သူ့နေရာမှာ momသာဖြစ်ကြည့် အဲ့နေရာမှာတင် နှလုံးရပ်သေသွားနိုင်သည်ပင်

"ကျွန်တော်တောင်းပန်ပါတယ်!! တကယ်တောင်းပန်ပါတယ်!!နောက်မဖြစ်စေရပါဘူး!!"

"ကျစ်!!"

တုန်တုန်ယင်ယင်တောင်းပန်နေတဲ့ သူမအသံကြောင့် ဘာဘာ မော့ကြည့်လိုက်တော့ ခေါင်းကိုဇာတ်ကျိုးကျမတတ်ငုံ့ထားသည့်သူမကြောင့် သူ  စိတ်ပျက်သလို စုတ်သပ်လိုက်မိသည်

နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)Место, где живут истории. Откройте их для себя