Part(10)

3.3K 93 0
                                        

"နှလုံးသားဖြင့်စီရင်လေသောအခါ☘"

Part (10)
--------------
--------------

"အဟင်း!!"

အငြိမ်းမျက်လုံးလေးပွင့်လာတဲ့အချိန်မှာ ပတ်ဝန်းကျင်ကိုကြည့်မိတော့ အငြိမ်းရဲ့အခန်းပင်။
အငြိမ်းပြန်လည်စဉ်းစားမိတော့ သူမ နောက်ဆုံးသတိရလာသည်က အဖြူရောင်အပြင်အဆင်နဲ့ကိုကြီးရဲ့တိုက်ခန်းကိုပင်။ ထို့နောက်မှာတော့ အငြိမ်း ဘယ်လိုလုပ်ဒီကိုပြန်ရောက်နေလဲဆိုတာစဉ်းစားမရတော့။

"ဂျောက်!!"

တံခါးဖွင့်သံကြောင့် အငြိမ်းမျက်လုံးကြည့်မိတော့ အန်တီဒေစီ ပင်ဖြစ်သည်။ထို့ကြောင့် အငြိမ်းကုတင်ပေါ်ကနေကုန်းထလိုက်သည်နှင့်

"အငြိမ်းလေး သတိရလာပြီလား!!"

"ဟုတ်ကဲ့ အန်တီ!!"

"လှဲနေပါ အငြိမ်းလေးရဲ့!!သမီးကနေမှမကောင်းပဲ!!"

"ရပါတယ်အန်တီ!!ကျွန်တော်သက်သာနေပါပြီ!!"

အငြိမ်းကုတင်ပေါ်မှာထိုင်နေတဲ့အန်တီကအငြိမ်းကိုသေချာစိုက်ကြည့်ကာ

"မနေ့ကညနေက သမီးကိုသားလာပို့သွားတာ!!"

"ဗျာ...ကိုကြီးလာပို့သွားတာလား!!"

"ဟုတ်တယ် အငြိမ်းလေး!!သားဘာဘာ သမီးကိုလာပို့သွားတာ!!"

အန်တီ့စကားကြောင့် အငြိမ်းအံ့ဩသွားရသည်။
■ကိုကြီးလိုလူက သူမကိုဒီလိုအိမ်တိုင်ရာရောက်လာပို့သေးတယ်တဲ့လား!!အေးပေါ့လေ...သူ့တိုက်ခန်းမှာအငြိမ်းကိုထားရင်ပြဿနာဖြစ်မှာစိုးလို့နေမှာပေါ့....

"သမီးလေးကိုအန်တီမေးမယ်နော်!!အန်တီကိုသေချာလေးဖြေပေးပါ အငြိမ်းလေး"

"ဟုတ်ကဲ့!!"

သူမသေချာကြည့်ကာ လေးလေးနက်နက်ပြောနေသည့် အန်တီကြောင့် အငြိမ်းရင်ထဲထိတ်သွားရသည်။အန်တီ ကိုကြီးအကြောင်းမေးရင်တော့ ဒုက္ခ။

"သမီး ကိုကြီးကို ဘယ်မှာတွေ့ခဲ့တာလဲ သမီး!!"

"ဗျာ..."

ဒေါ်ဒေစီစကားကြောင့်အငြိမ်းဘာဖြေရမှန်းမသိဖြစ်သွားရသည်။
အငြိမ်းအမှန်တိုင်းဖြေလိုက်၍မရ။အမှန်တိုင်းဖြေချင်ပေမဲ့ ကိုကြီးက သူ့တိုက်ခန်းအကြောင်းအန်တီကိုရော အန်ကယ်လ်ကိုပါ မသိစေချင်သူပင်ဖြစ်သည်။

နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)Место, где живут истории. Откройте их для себя