Part(12)

3.1K 98 0
                                        

"နှလုံးသားဖြင့်စီရင်လေသောအခါ☘"

Part (12)
-------------
-------------

သူ့စကားကြောင့် သူ့ကိုမျက်လုံးအပြူးသားနဲ့ကြည့်နေသည့် သူမကြောင့် ဘာဘာနေမကောင်းသည့်ကြားကပြုံးလိုက်မိသည်။သူမကိုတွေ့ချင်စိတ်ကြောင့်သာ သူကြိတ်မှိတ်ထွက်လာပေမဲ့တကယ်တော့သူလဲမဟန်တော့။
မျက်လုံးတွေလဲစပ်လာကာ ကားမောင်းရတာတောင်သူအဆင်မပြေတော့သည်မို့ သူမကိုသူ အိမ်ထိပြန်မပို့နိုင်တော့။
အိမ်ထိကားမောင်းရင် လမ်းမှာတစ်ခုခုဖြစ်သွားနိုင်သည်ပင်။

"လာခဲ့!!"

အငြိမ်းလက်ကိုဆောင့်ဆွဲကာ ဓာတ်လှေကားထဲဝင်ချလိုက်သည့်ကိုကြီးကြောင့် အငြိမ်းအူကြောင်ကြောင်နဲ့ကိုကြီးအနောက်လိုက်လာရလေတော့သည်။
တရွေ့ရွေ့တက်လာသည့်ဓာတ်လှေကားကအလွှာတစ်ခုအရောက်မှာရပ်သွားလေတော့သည်။
ထိုအလွှာက ၆လွှာပင်ဖြစ်သည်။
ပြီးတော့ အခန်းနံပါတ်က 1039 ၊ဒီတစ်ခါတော့ အငြိမ်းသေချာပေါက်အလွှာရော အခန်းကိုပါ မှတ်ထားရပေလိမ့်မည်။

"ဂျောက်!!"

အခန်းတံခါးပွင့်သွားသည်နှင့် ကိုကြီးက အငြိမ်းလက်ကိုဆွဲကာ အခန်းထဲဝင်သည်မို့ အငြိမ်းဒုတိယအကြိမ်အဖြစ်ကိုကြီးအခန်းကိုပြန်လည်ရောက်ရှိလာခြင်းပင်။

"သွား!!ငါ့ကိုစိတ်ပူရင် ငါဆေးသောက်လို့ရအောင်တစ်ခုခုသွားလုပ်!!"

"ဗျာ!!"

အငြိမ်းလက်ကိုလွှတ်ပေးလိုက်ကာ ကိုကြီးကတော့သူ့အိပ်ခန်းထဲဝင်သွားလေတော့သည်။
အခုတော့အငြိမ်းမှာ ဧည့်ခန်းထဲအူကြောင်ကြောင်နဲ့မတ်တပ်ရပ်ကျန်ခဲ့လေတော့သည်။
အငြိမ်းသက်ပြင်းချလိုက်ကာ လွယ်ထားတဲ့လွယ်အိတ်ကိုဧည့်ခန်းဆိုဖာပေါ်တင်လိုက်ပြီး မီးဖိုခန်းလို့ခန့်မှန်းမိတဲ့အခန်းကိုရှာလိုက်မိသည်။

အငြိမ်းမီးဖိုခန်းကိုတွေ့တော့ အငြိမ်းဘာလုပ်လို့လုပ်ရမယ်မှန်းမသိ။
ဘာလို့ဆို အငြိမ်းကဘာဆိုဘာမှမချက်တတ်။
အငြိမ်းမီးဖိုခန်းထဲလှန်လှောရှာရင်း ကံကောင်းချင်တော့ ဘာမှမချက်တတ်တဲ့အငြိမ်းအတွက် ကိုကြီးမီးဖိုခန်းထဲမှာလဲ ချက်စရာဘာမှမရှိ။
အငြိမ်းတွေ့တာကတော့ ပေါင်မုန့်တစ်ထုတ် စတော်ဘယ်ရီယိုတစ်ဗူး ကော်ဖီတစ်ဗူးနဲ့သကြားဗူးသာတွေ့လေသည်။
ထို့ကြောင့်ရေနွေးအိုးကိုပလပ်ကောက်ထိုးလိုက်ကာ ကော်ဖီဖျော်ဖို့လုပ်ငန်းစရလေတော့သည်။

နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)Donde viven las historias. Descúbrelo ahora