"နှလုံးသားဖြင့်စီရင်လေသောအခါ☘"
Part (22)
--------------
--------------လွယ်အိတ်လေးလွယ်ကာ အိမ်ထဲဝင်လာပေမဲ့ နွေးထွေးမှုတွေပျောက်ဆုံးနေပြီဖြစ်တဲ့သူ့အိမ်ကအရင်နေ့တွေတုန်းကလို တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
ကျောင်းဆင်းချိန်မှာ တခြားသူတွေရဲ့မိဘတွေကအသီးသီးလာကြိုကြပေမဲ့ သူငယ်ချင်းမရှိတဲ့သူ့အတွက်တော့ ကျောင်းကားပေါ်ကို ယောင်ချာချာနဲ့တက်လာခဲ့ရင်း တိတ်ဆိတ်ငြိမ်သက်စွာ ဖြတ်သန်းလာခဲ့တဲ့သူ့ရဲ့ကျောင်းဆင်းချိန်များ...
ကြိုဆိုမဲ့သူမရှိတဲ့ဧည့်ခန်းထဲ လွယ်အိတ်ကိုချကာ ထမင်းစားခန်းထဲဝင်လာမိသည်။
မနက်ကသူကျောင်းသွားတုန်းကလိုပြောင်ရှင်းနေသည့်ထမင်းစားခန်းကြောင့် စားစရာဘာမှမရှိမှန်းသူသိလိုက်သည်။
ထမင်းစားစားပွဲကို ကြည့်မိတော့ လွန်ခဲ့တဲ့၃ရက်ကလို ပိုက်ဆံတစ်အုပ်နဲ့စာခေါက်တစ်ခုက အခန့်သားနေရာယူလျက်...
စားပွဲအထိသူတိုးလျှောက်လာပြီး စာခေါက်ကိုဖွင့်ကြည့်လိုက်တော့"Momနယ်ပွဲရှိလို့ တစ်ပတ်ကြာမယ် ဘာဘာ...
သားအတွက်၁ပတ်စာပိုက်ဆံMomထားပေးခဲ့တယ်...
လိမ်လိမ်မာမာနေနော် သား..."တဲ့။Momရဲ့လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့အနားသတ်ထားတဲ့စာလေးကဒီလောက်သာပါသည်။
စာအဆုံးသတ်သွားသည်နှင့် စာရွက်ကိုလက်ထဲမှာလုံးချေပစ်လိုက်မိသည်။
စားပွဲက ပိုက်ဆံအုပ်ကိုမယူပဲ ဧည့်ခန်းထဲပြန်သွားကာ ဧည့်ခန်းကကြိုးဖုန်းကိုယူလိုက်ပြီး ဖုန်းနံပါတ်တစ်ခုကိုနှိပ်ကာခေါ်လိုက်မိသည်။
အတန်ငယ်ကြာအောင် ဖုန်းဝင်သံလေးကို နားထောင်နေမိရင်း"Dad ဒီနေ့ Momနယ်သွားတယ်တဲ့!!"
"-----"
"၁ပတ်လောက်ကြာမယ်တဲ့!!အခုအိမ်မှာသားတစ်ယောက်ထဲရှိတယ် Dad အဲ့ဒါ!!"
"------"
"ဟဲလို ဟဲလိုDad ...ဟဲလို!!"
ချသွားပြီဖြစ်တဲ့ ဖုန်းကိုကိုင်ရင်း သူတွေဝေစွာရပ်နေမိသည်။
■MomရောDadက သူ့အတွက်ကိုအချိန်မပေးနိုင်တာလား အချိန်မရှိတာလား ဒါမှမဟုတ်သူ့ကိုမနွေးထွေးပေးနိုင်တာလား...
BẠN ĐANG ĐỌC
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Lãng mạnကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤