"နှလုံးသားဖြင့်စီရင်လေသောအခါ☘"
Part (24)
(OR)
Final Part
----------------
----------------
အငြိမ်း လက်ထဲရောက်လာတဲ့ရွှေရောင်ဖိတ်စာလေးကိုတွေဝေစွာကြည့်နေမိသည်။
ထိုဖိတ်စာလေးသည်က ကိုကြီးနဲ့ Arli companyဥက္ကဠသမီးရဲ့မင်္ဂလာဆောင်ဖိတ်စာပင်။
Arli companyဥက္ကဠကတော်က အငြိမ်းတို့ဆေးရုံရဲ့ဆေးရုံအုပ်ကြီးပင်ဖြစ်သည်။
"ငြိမ်း လာဖြစ်အောင်လာနော်..."
Doctor နွယ်စကားရဲ့စကားကြောင့် အငြိမ်း သက်ပြင်းချလိုက်ကာ
"ငြိမ်း မအားဘူး မရဲ့!!"
"အို...ဘာမအားတာလဲ...ငြိမ်းနော်...မမကအဲ့မှာ လက်စွပ်ဗန်းကိုင်ရမှာ...ပြီးတော့ ငြိမ်းမလာရင် ဆေးရုံအုပ်ကြီးက သူ့သမီးမင်္ဂလာဆောင်မလာလို့ဆိုပြီး ငြိမ်းကိုမနောပျက်နေဦးမယ်!!"
"ဒါပေမဲ့!!"
"လာခဲ့ပါ ငြိမ်းရယ်နော်...အဲ့နေ့ကျရင် မမ လက်စွပ်ဗန်းကိုင်ကို ငြိမ်းဝတ်စုံလာရွေးပေး!!"
ဒေါက်တာ နွယ်စကားစကားကြောင့်အငြိမ်းတွေဝေသွားရသည်။ဒီပွဲက မသွားလို့မကောင်းဆိုပေမဲ့ အငြိမ်းမသွားချင်ပါ။
ကိုကြီးနဲ့အငြိမ်းရဲ့ဇာတ်လမ်းကပြီးဆုံးသွားပြီဆိုပေမဲ့ နာကျင်နေခဲ့ရတဲ့ ဒဏ်ရာကအခုထိအနာမကျက်သေးပါ။
အငြိမ်းအတွက် ကိုကြီးကိုရင်ဆိုင်ဖို့ဆိုတာ ဘယ်လိုမှခံနိုင်ရည်မရှိသေး။
■အငြိမ်းဘာလုပ်ရမလဲ!!
■■■■■
ကုတင်ဘေးက စားပွဲမှာထိုင်ကာ အရှေ့တည့်တည့်ကထိုအရာလေးကိုသူကြည့်နေမိသည်။
ထိုအရာလေးကတော့အဖြူရောင်ရင်ဖုံးလက်ထောက်လေးနဲ့ ထဘီအနီလေးဝတ်ထားကာ ဆံထုံးလေးထုံးထားပြီး လက်ထဲမှာကိုင်ထားသည့်စာအုပ်လေးပေါ်တစ်စုံတစ်ခုကိုရေးမှတ်နေပုံရသည့် ကောင်မလေးတစ်ယောက်ရဲ့ဓာတ်ပုံလေးတစ်ခု။
ငွေရောင်ဘောင်လေးနဲ့ခတ်ထားတဲ့ဒီဓာတ်ပုံလေးက သူ့စားပွဲပေါ်မှာနေရာယူနေသည်က ၂နှစ်ကျော်နေပြီပင်။
ထိုဓာတ်ပုံလေးထပ် သူလက်တစ်ဖက်ရွေ့လျားမိရင်း တည်ငြိမ်လွန်းသည့် သူမပုံလေးကိုထိတွေ့နေမိသည်။
■အများကြီးတည်ငြိမ်လာတာပဲ!!
မင်းကောင်းကောင်းကြီးရပ်တည်နိုင်ခဲ့တာကို ကိုယ်တကယ်ချီးကျူးမိတယ်!!
YOU ARE READING
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Romanceကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤
