Part(8)

3K 86 0
                                        

"နှလုံးသားဖြင့်စီရင်လေသောအခါ☘"

Part (8)
--------------
--------------

"အဟင့်...ကျွန်မကြောင့်ပါ...ကျွန်မမကောင်းခဲ့လို့ ကျွန်မအသုံးမကျခဲ့လို့ ကျွန်မသားဒီလိုဖြစ်နေရတာ...ဒီလိုတွေခံစားနေရတာ အကုန်ကျွန်မကြောင့်ပါ!!အဟင့်"

ပြောလဲပြော ငိုလဲငိုနေသည့် အန်တီ့ကိုကြည့်ပြီး အငြိမ်းလဲစိတ်မကောင်း...။
ခုနက ကိုကြီးကားအနောက်ပြေးလိုက်ရင်း လဲကျသွားသည်မို့ လက်တွေခြေထောက်တွေမှာပွန်းရာတွေရကုန်သည့်အန်တီ့ကို အငြိမ်းနဲ့အိမ်အကူဒေါ်ငယ်ဆေးထည့်ပေးနေခြင်းဖြစ်သည်...။
အန်ကယ်လ်ကတော့ စာကြည့်ခန်းထဲဝင်သွားသည်က ကိုကြီးထွက်သွားထဲကပင်...။

■ကိုကြီးတော်တော်နာသွားမှာ...
ဘာပြဿနာတွေနဲ့ဘာတွေကြောင့်ကိုကြီးနဲ့အန်ကယ်ဒီလိုတွေဖြစ်ကြမှန်းအငြိမ်း မသိ...

"ဆေးလေးသောက်ပြီးခဏလောက်အိပ်လိုက်နော် မမကြီး...ဘာဘာကကလေးမဟုတ်တော့ပါဘူး ...သူ့ကိုယ်သူအန္တရာယ်ကင်းအောင်နေတတ်တဲ့သူပါ...မမကြီးစိတ်ချပြီး ခဏလောက်အိပ်လိုက်နော်"

"မငယ်ရယ်...ကျွန်မသားက သိပ်သနားဖို့ကောင်းတာ  အဟင့်...ကျွန်မသာ ဒီထက်ပိုပြီးဘာဘာ့ကိုကောင်းကောင်းဂရုစိုက်ခဲ့ရင်လေ ဘာဘာကဒီလိုတွေကြုံရမှာမဟုတ်ဘူး အဟင့် !!"

"အားလုံးက ကံစီမံရာအတိုင်းပေါ့ မမကြီးရယ်...မမကြီးအပြစ်မဟုတ်ပါဘူး!!အိပ်ပျော်အောင်အိပ်လိုက်နော်!!"

ဒေါ်ငယ်တစ်ယောက် ဒေါ်ဒေစီကိုသေချာလေးဖြောင်းဖျကာ ဆေးလေးပါတိုက်လိုက်လေသည်...။
အငြိမ်းကတော့ ပြဿနာကိုသေချာမသိသူမို့ မည်သို့နှစ်သိမ့်ပေးရမလဲ မသိ...။
အငြိမ်းတိတ်ဆိတ်စွာနဲ့ပင် ဒေါ်ငယ်နဲ့အတူ ဒေါ်ဒေစီအခန်းထဲကနေထွက်လာခဲ့လေတော့သည်...။
အခန်းတံခါးပေါက်ကနေ အနောက်ကိုလှည့်ကြည့်မိတော့ အန်တီဒေစီက ကုတင်ပေါ်မှာ အိပ်ပျော်နေပြီဖြစ်သည်...။
အငြိမ်း နဲ့ဒေါ်ငယ် တိတ်ဆိတ်စွာနဲ့ထွက်လာခဲ့ရင်း အပေါ်ထပ် လှေကားအရှေ့ရောက်သည်နှင့်

"အငြိမ်း!!"

"ဗျာ..."

"ခုနကသမီးလဲလန့်သွားမယ်ထင်တယ်...အခန်းထဲသွားနားနေနော်....ထမင်းစားခါနီးကျရင် ဒေါ်ငယ် လာခေါ်မယ်သိလား!!"

နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)Donde viven las historias. Descúbrelo ahora