Part(18)

3K 93 0
                                        

"နှလုံးသားဖြင့်စီရင်လေသောအခါ☘"

Part (18)
--------------
--------------

"အန်တီရေ..."

"ဝေ အငြိမ်း!!အန်တီအခန်းထဲမှာ..!!"

အငြိမ်းတစ်ယောက် အိမ်ပေါ်ပြေးတက်လာကာ အန်တီသီတာရှိရာအခန်းထဲကိုပြေးဝင်လာမိသည်။

"ဒီမှာကြည့်ဦး အန်တီ !!"

ဒေါ်သီတာငြိမ်း ချည်ထိုးနေရာမှ အငြိမ်းပြတာကိုကြည့်လိုက်တော့ အငြိမ်းတစ်ယောက် အိတ်အမဲတစ်လုံးနဲ့ထည့်လာတဲ့မချစ်စုသရက်သီးတွေ ၃လုံး...

"ဒါတွေဘယ်ကရလာတာလဲ အငြိမ်း!!"

"ဟိုဘက်လမ်းက ဒေါ်အေးကြည်အိမ်က မလာတာ အန်တီရဲ့ အဟီး အကြီးကြီးတွေပဲနော်...အန်တီ ငံပြာရည်ဖျော်ပြီး ကြိတ်ကြရအောင်!!

"ဒါတွေက ဝယ်လာတာလား...ခူးလာတာလား!!"

"ခူးလာတာပေါ့..ဒေါ်အေးကြီးကအရမ်းကပ်စေးနှဲတာ ဒီလောက်ကောင်းတဲ့သရက်သီးတွေကိုရောင်းလဲမရောင်းဘူး အလကားလဲမကျွေးဘူး...သက်သက်မဲ့အပုပ်ခံထားတာ...ဒါမျိုးကတော့ အငြိမ်းတို့လက်ကနေလုံးဝမလွှတ်ဘူးသာမှတ်"

"ဟယ် အငြိမ်းရယ်..အဲ့အဒေါ်ကြီးသိလို့ ပြဿနာရှာနေပါဦးမယ်!!"

"ကျွန်တော့်ကိုသာယုံလိုက်!!ငံပြာရည်လေးဖျော်ပေးနော် အန်တီနော်"

အငြိမ်းရဲ့ပူဆာမှုကြောင့် ဒေါ်သီတာ ရီလိုက်မိသည်။
ဘောင်းဘီတိုတိုနဲ့ အင်္ကျီT shirtပွပွကြီးဝတ်ထားတဲ့အငြိမ်းဆိုတဲ့ဒီကောင်မလေးက အင်မတန်ချစ်ဖို့ကောင်းသည်ဟု သူမ ထင်မိသည်။
အခုလဲကြည့်ပါဦး တစ်ဖက်လမ်းကနေ သရက်သီးသွားခိုးလာတယ်တဲ့လေ...
ဒါလား တက္ကသိုလ်ကျောင်းသူ...။
တကယ့်ကလေးပိစိလေးရယ်သာ...။

■■■■■■

အန်တီဖျော်လာပေးတဲ့ငံပြာရည်နဲ့ ဒေါ်အေးကြည်ခြံကနေခိုးလာတဲ့သရက်သီးကိုစားလိုက်ချိန်က အငြိမ်းနတ်ပြည်နတ်နန်းမှာ နတ်သဒ္ဒါစားလိုက်ရသလိုပဲ...။

■ဒါကြောင့်သူခိုးတွေခိုးကြတာထင်တယ်!
ခိုးပြီးစားရလို့လား မသိဘူး ကောင်းချက်ကရက်စက်ပဲ...

နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)Место, где живут истории. Откройте их для себя