"နှလုံးသားဖြင့်စီရင်လေသောအခါ☘"
Part (19)
--------------
--------------
"အငြိမ်း ဟိုမှာလဲရန်ဖြစ်မနေနဲ့ဦးနော်!!"
"ဟာ...အမေကလဲ..ဖြစ်စရာလား!!"
အမေ့စကားကြောင့် အဝတ်ထုတ်ပိုက်ရင်း အငြိမ်းနင်သွားရသည်။
တစ်ခါလောက်လေးရန်ဖြစ်မိတာကိုအငြိမ်းကတွေ့ရာနေရာရန်ဖြစ်သူလို့ အမေကထင်သွားပုံပင်...
"အငြိမ်း ဟိုရောက်လို့လေ စားချင်တာရှိရင် အန်တီကိုဖုန်းဆက်နော်...အန်တီ အကိုနဲ့ထည့်ပေးလိုက်မယ်သိလား!!"
"ဟုတ်ကဲ့အန်တီ!!"
အန်တီသီတာက အငြိမ်းကိုသာစိတ်ပူနေသည်။
အငြိမ်းတို့အိမ်ကိုရောက်တာမကြာသေးတဲ့အန်တီသီတာ သွေးကြောင့်ထင်ရဲ့ အငြိမ်းနဲ့အရမ်းတည့်သူပင်။
အမေ အငြိမ်းကိုဆူရင်လဲ အန်တီသီတာက အမြဲဝင်ကာပေးသည်။ ပတ်ဝန်းကျင်ကလဲ အန်တီ့ကိုဆို ခင်ကြသည်။ အန်တီကအိမ်ထဲကအိမ်အပြင်မထွက်ပေမဲ့ အိမ်ထဲနေရင်းချည်ထိုးရောင်းသည်မို့ ဘေးအိမ်ကအန်တီ့ဖောက်သည်အဒေါ်ကြီးတွေက အိမ်လာလည်ကြကာ အန်တီသီတာကိုလက်ဆောင်တွေဘာတွေလဲပေးလေ့ရှိသည်။
အခုတောင်အန်တီသီတာထိုးထားပေးတဲ့ ချည်ထိုးအင်္ကျီလေးတောင် အငြိမ်းအဝတ်အိတ်ထဲပါလာသေးသည်ပင်။
တကယ်ပါ...
အငြိမ်းအတွက် အန်တီသီတာ က အကောင်းဆုံးအဒေါ်ပင်...။
"အငြိမ်းရေ နေမမြင့်ခင်သွားမယ် သမီး!!"
"ဟုတ်ကဲ့!!"
"အငြိမ်းဂရုစိုက်နော်.."
"ဟုတ်ကဲ့အန်တီ!"
အငြိမ်းတစ်ယောက်ကားပေါ်ကနေ အန်တီနဲ့အမေ့ကိုလက်ပြကာ နှုတ်ဆက်နေမိသည်။
နောက်၂ရက်ဆိုကျောင်းတက်ရတော့မှာမို့ အခုအငြိမ်းခြေချတော့မည့်နေရာက ကိုကြီးအိမ်သို့ပင်...
■■■■
"ဒေစီမင်းမှာလဲ မတ်တပ်မတ်တပ်နဲ့!!နည်းနည်းပါးပါးထိုင်ပါဦး!!အငြိမ်းလာမှာပေါ့!!"
"အို..အကိုကလဲ သမီးလေးလာမှာတော့သိတာပေါ့...ထွက်လာပြီဆိုပြီးဖုန်းဆက်ထားကြာပြီ...အခုထိမရောက်သေးလို့ ဒေစီက စိတ်ပူနေတာ!!"
ВЫ ЧИТАЕТЕ
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Любовные романыကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤
