"နှလုံးသားဖြင့်စီရင်လေသောအခါ☘"
Part (23)
--------------
--------------
တဖြေးဖြေးပွင့်လာတဲ့မျက်ဝန်းတွေက စူးရှတဲ့အလင်းဒဏ်ကိုရုတ်တရက်မထိတွေ့နိုင်။
"အ...."
ညာလက်ကိုအနည်းငယ်လှုပ်မိတာတောင် နာကျင်လွန်းတဲ့ခံစားချက်ကို သူသေချာခံစားလိုက်ရသည်။မျက်လုံးကိုတဖြည်းဖြည်းချင်းဖွင့်လိုက်ပိတ်လိုက်လုပ်လိုက်ပြီး အလင်းရောင်ကိုထိတွေ့မိချိန်မှာတော့ သူတွေ့လိုက်ရသည်ကအဖြူရောင်မျက်နှာကျတ်တစ်ခု...။သူရဲ့ ညာလက်တစ်ခုလုံးမှာ အပ်တွေထိုးစိုက်ထားပြီး ပတ်တီးဖြူတစ်ခုလဲပတ်ထားသေးသည်။ လှုပ်ရှားမရသည့်ညာလက်ကို ငြိမ်အောင်ထားပြီး လှုပ်ရှားနိုင်သည့်
ဘယ်လက်ကိုကုတင်ပေါ်မှာထောက်လိုက်ပြီး ထလိုက်သည်နှင့် သူသိလိုက်ရသည်က ကုတင်တွေ အောက်ဆီဂျင်ဘူးတွေ နဲ့ ဆေးအပ်တွေအပြည့်ရှိနေသည့် ဆေးရုံတစ်ခု...။
သို့ပေမဲ့ သူ့အနားမှာတစ်စုံတစ်ယောက်မျှမရှိ။
အတွေးတွေကိုသူအလုအယက်ပြေးလွှားမိတော့ နောက်ဆုံးမှတ်မိသည်က ဝေဝါးတွေနဲ့မြင်ကွင်းတချို့နဲ့ကားလမ်းဘေးကပလက်ဖောင်းတစ်ခုကိုပင်။
■ပလပ်ဖောင်းထပ်လဲကျသွားတဲ့သူ့ကိုတစ်စုံတစ်ယောက်က ဆေးရုံပို့ပေးခဲ့တာများလား။
Momရော ဘယ်မှာလဲ။
အတွေးတွေနဲ့သူ ပြန်တွေးနေချိန်မှာပဲ
"ဒုန်း!!"
ရုတ်တရက်ပွင့်ထွက်လာတဲ့ဆေးရုံခန်းတံခါးနဲ့အတူ
"Dad!!"
သူ့အခန်းထဲဒေါသတကြီးဖြစ်နေပုံပေါ်သည့်Dadက ဒေါကြီးမောကြီးဝင်လာလေရဲ့။
"မင်းကြောင့် !!"
"အ!!"
"မင်းကြောင့်သီတာ မျက်လုံးကွယ်သွားတာ အားလုံးမင်းကြောင့်!!"
သူ့ပုခုံးနှစ်ဖက်ကိုဒေါသတကြီးအားနဲ့ဆုပ်ရင်း ကိုင်ဆွဲကာပြောလိုက်တဲ့Dadကြောင့်နေမကောင်းဖြစ်ကာ အားနည်းနေတဲ့သူ့မြင်ကွင်းတွေဝေဝါးလာလေသည်။Dadစကားတွေက သူ့နားထဲကြားတစ်ချက်မကြားတစ်ချက်။
■Momဘယ်မှာလဲ!!
"မင်းကြောင့်သီတာဒီလိုဖြစ်တာ ...မင်းကိုငါတစ်သက်လုံးခွင့်မလွှတ်ဘူး!!"
ВЫ ЧИТАЕТЕ
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Любовные романыကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤
