Part(4)

3.2K 93 0
                                        

"နှလုံးသားဖြင့်စီရင်လေသောအခါ☘"

Part (4)
------------
------------

"အငြိမ်း!!"

မိဇာအိမ်က လက်ဖက်သုတ်အစွမ်းအံ့မခမ်းပြလိုက်သည်မို့ အငြိမ်း အစာအိမ်ယောင်ပြီးဆေးခန်းကို ခြေချင်းလိမ်နေအောင်သွားလိုက်ရသည်...
အရင်ရက်တွေကအငြိမ်းတစ်ယောက် ဆန်ပြုတ်ကိုတောင် ရေပေါလောနဲ့သောက်လိုက်သည်မို့ ဝတုတ်မအငြိမ်းဘဝကနေ အရိုးခြောက်အငြိမ်းဘဝကို နေ့မနားညမအားကူးပြောင်းသွားလေပြီမဟုတ်လား....

"အငြိမ်း နင်ဟိုမှာ မတည့်တာတွေစားလို့ကတော့နော် နင့်အသက်ကိုဖက်နဲ့ထုပ်ထား!!"

အငြိမ်းအိတ်ထဲကို ဘီးကနေအစ အင်္ကျီအဝတ်အစားအဆုံး မြန်မာဝတ်စုံတွေရော အိမ်နေရင်းဝတ်တွေပါထည့်ရင်း ဆူနေတဲ့အမေ့ကို အငြိမ်း ကြည့်လိုက်မိသည်...

"ကျွန်တော်သိပါတယ် အမေကလဲ!!"

"အမေကလဲတာတွေ မလဲတာတွေမပြောနဲ့!!နင့်အကြောင်းကိုသိလို့ပြောနေရတာ...နားထောင် အငြိမ်း!!"

ခရီးဆောင်အိတ်ဇစ်ကိုပိတ်လိုက်ကာ အငြိမ်းဘေးက နေရာလွတ်မှာဝင်လိုက်သူက ဒေါ်ခိုင်ဝါ ပင်...

"အခု သမီးသွားမဲ့အိမ်က လူကုံထံအသိုင်းအဝိုင်းပဲသမီး...ကိုခမ်းဝါနဲ့ဒေစီတို့က  company ပိုင်ရှင်တွေ...သမီးကို အဲ့အိမ်မှာအမေထားတယ်ဆိုတာက အဆောင်မှာသမီးနေရင် မချက်တက်မပြုတ်တာတွေရော တက္ကသိုလ်မှာစည်းလွတ်ဝါးလွတ်ဖြစ်မှာတွေကိုရော မလိုလားလို့ပဲ!!အဲ့အိမ်မှာကျ ကိုခမ်းဝါက သူ့အလုပ်သူ မနက်သွားညနေပြန် ဒေစီရဲ့သားကလဲ သူ့အလုပ်နဲ့သူ ပြီးတော့အဲ့ကောင်လေးနဲ့သမီးကိုလဲအမေက ဘာမှစိတ်မချစရာမရှိဘူး!!"

"ဟင်...အန်တီဒေစီက သားရှိတာလား!!"

အမေ့စကားကြောင့် အငြိမ်းစိတ်ညစ်သွားရသည်...

■အငြိမ်းထင်တာက အဲ့အိမ်မှာသမီးလောက်ဖြစ်ဖြစ်ရှိမယ်ထင်နေတာကို
အခုတော့ သားတဲ့လား...

"ဟုတ်တယ်...ဒါပေမဲ့ သမီးနဲ့အဲ့ကောင်လေးက ၁၀နှစ်တောင်ကွာတယ်...သမီးကျောင်းပိတ်ရက်ဆိုရင်တောင် အိမ်မှာအမြဲရှိနေတဲ့ ဒေစီနဲ့ပဲနေရမှာ!!အဲ့အိမ်မှာရှိတဲ့လူတိုင်းက သမီးထက်အကုန်အသက်ကြီးတယ်!!သမီးသူတို့ကိုရိုရိုသေသေဆက်ဆံဖို့လိုတယ်နော်အငြိမ်း!!ဆိုးတာကဆိုးလို့ရတယ် အမေလက်ခံတယ် ဒါပေမဲ့ ရိုင်းတာကိုအမေလက်မခံဘူးနော် အငြိမ်း!!"

နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)Où les histoires vivent. Découvrez maintenant