"နှလုံးသားဖြင့် စီရင်လေသောအခါ☘"
Part (5)
------------
------------
"အငြိမ်းလေး နမည်က အဝေရာငြိမ်း!!သားတော့မှတ်မိမယ်မထင်ဘူး...Momတို့အရင်မိုးအင်းမှာနေတုန်းက ဘေးအိမ်က Momသူငယ်ချင်း အန်တီခိုင်ဝါ သမီးလေးလေ!!"
ဒေါ်ဒေစီမိတ်ဆက်တာကို အင်းမလုပ် အဲမလုပ်ပဲ ဘာဘာတစ်ယောက် မျက်ခုံးနှစ်ခုကိုအလိုမကျစွာတွန့်ချိုးလိုက်ပြီး သူ့အရှေ့ကခုံမှာလက်လေးနှစ်ဖက်ပွတ်ပြီးထိုင်နေတဲ့ ဟိုမရောက်ဒီမရောက်လေးကို သူကြည့်လိုက်သည်...
ငုတ်စိစိဆံပင်တိုတိုကို သရေကွင်းနဲ့စည်းထားပြီး အမဲရောင်စပရင်ဘီးကုပ်ကို ကုပ်ထားတဲ့ တီရှပ်ပွပွ ဘောင်းဘီပွပွနဲ့ ဒီကောင်မလေးက ဘယ်နေရာကြည့်ကြည့်မိန်းကလေးနဲ့တူတာမတွေ့..
မိန်းကလေးဆိုပြီး Momပြောလို့သာ သူနားရှိလို့ကြားလိုက်ရတာ....
တကယ်ယောက်ျားရုပ်နဲ့ဘိုသီဘက်သီနေတတ်တဲ့အငြိမ်းကို သူ အမြင်မကြည်စွာမျက်မှောင်ကျုံ့ကြည့်လိုက်မိသည်....
"အငြိမ်းလေး ဒါကအန်တီပြောတဲ့အန်တီ့သား ကာရံကမ္ဘာ...အငြိမ်းလေး လိုအပ်တဲ့အကူအညီရှိရင် ကိုကြီးကိုအချိန်မရွေးပြော!!"
"ဟုတ်...ဟုတ်ကဲ့အန်တီ!!"
အငြိမ်းကိုအလိုမကျစွာကြည့်နေတဲ့ ကိုကြီးကြောင့် အငြိမ်းရင်တွေတုန်ကာဒီနေရာမှာတင်အငွေ့ပျံ့တက်ချင်ချင်သယောင်ယောင်...
သေချာတာကတော့ ကိုကြီးပုံစံက အငြိမ်းကိုလုံးဝ သဘောမကျသည့်ပုံ...
■ငါအခုကစပြီး အာဠာဝကနဲ့စတွေ့တာထင်တယ်...
မိဇာရေ ငါ့ဘဝလေးကို လာကြည့်ပါဦး!!!
~~~~~~~~~~~~~~~~~~~~~~~~~~
"အငြိမ်းလေး စားနော်!!ဒီ ငါးဖယ်လေးက အငြိမ်းအတွက်သိလား...ပင်လယ်စာနဲ့မတည့်ဘူးဆို"
"ဟုတ်!!"
အရင်ကဆို ထမင်းဝိုင်းမှာ Momသည် သူ့ကိုဆိုလိုသေးမရှိဂရုစိုက်တတ်သူဖြစ်သည်...
အခုတော့ သူနဲ့Dadက Momအတွက်ဖုတ်လေတဲ့ငပိရှိတယ်လို့တောင် မထင်သည့်ပုံ...
ထမင်းဝိုင်းထဲမှာတောင် တငြိမ်းထဲငြိမ်းနေလေသည်...
"ဂျွီ!!"
ရုတ်တရက် ထမင်းဝိုင်းထိုင်ခုံကိုတွန်းကာထလိုက်တဲ့ ဘာဘာကြောင့် အငြိမ်းမျက်လုံးလေးလှန်ပြီးကြည့်လိုက်မိသည်...
ВЫ ЧИТАЕТЕ
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Любовные романыကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤
