"နှလုံးသားဖြင့်စီရင်လေသောအခါ☘"
Part (13)
-------------
-------------
အငြိမ်းကုတင်ပေါ်မှာလှဲနေပေမဲ့ အခုထိအိပ်မပျော်သေး။
အတွေးတွေက ပြန့်ကျဲကာ အခုထိစိတ်တွေကဆောက်တည်ရာမရ။
ရုတ်တရက်ပြောင်းလဲလာတဲ့ကိုကြီးရဲ့အပြုအမူနဲ့ပုံစံတွေကြားမှာ အငြိမ်း အာစေးမိနေသူနှယ်။
အငြိမ်းစောင်ကိုဆွဲခြုံလိုက်ရင်း အကြည့်တွေက ကုတင်ဘေးစားပွဲပေါ်က မုန့်ထုပ်ဆီကိုသာ။
■ကိုကြီးဆေးတွေမှားစားမိထားတာများလား!!
ခြံထဲမဝင်ပဲခြံရှေ့မှာပဲအငြိမ်းကိုထားခဲ့သည့်ကိုကြီး။
ဒီညနေပြန်လာတော့ အငြိမ်းမှာ အန်တီတို့ကိုဖုံးဖိလိုက်ရသေးသည်။ဒါတောင်အငြိမ်းကိုလိုက်ပို့တာကိုကြီးဖြစ်ကြောင်းအန်တီတို့ကိုပြန်မပြောဖို့ခြံစောင့်ကိုမနည်းနှုတ်ပိတ်ရသေးသည်။ အတွေးတွေကိုရပ်လိုက်ကာ နေမကောင်းသေးတဲ့ကိုကြီးကို မနက်သွားထပ်ကြည့်ရန်သာဆုံးဖြတ်လိုက်မိလေတော့သည်။
■■■■
အငြိမ်း ကိုကြီးအခန်းရှေ့ရောက်နေတာတော်တော်လေးကြာနေပြီ အခုထိကိုကြီးကထွက်မလာသေး။ကိုကြီးကိုဖုန်းဆက်ပြောရအောင်လဲ ကိုကြီးဖုန်းနံပါတ်ကိုမသိသလို တံခါးဖွင့်ဝင်သွားရအောင်လဲ ကိုကြီးအခန်းတံခါးကုဒ်နံပါတ်ကိုလဲအငြိမ်းမသိ။
ကိုကြီးအခန်းရှေ့ငုတ်တုတ်ထိုင်ကာလက်ထဲမှာလဲ မနက်ကအန်တီမနိုးခင် ဒေါ်ငယ်ကိုကွေ့ပတ်ကာ ပြုတ်လာတဲ့ဆန်ပြုတ်ဗူးကိုကိုင်ထားမိသည်။
ဒရိုက်ဘာဦးစိုးကိုကျောင်းအထိလိုက်ပို့ခိုင်းတဲ့အန်တီကြောင့် ကျောင်းရောက်သည်နှင့်ကျောင်းထဲတောင်မဝင်ပဲတက္ကဆီနဲ့အငြိမ်းဒီကိုရောက်လာခြင်းပင်ဖြစ်သည်။
"ဂျောက်!!"
"ဟင်!!"
"မင်း!!"
တံခါးဖွင့်သံကြောင့်အငြိမ်းကြည့်မိတော့ အဝတ်အစားအပြည့်အစုံနဲ့အပြင်သွားမဲ့ပုံစံနဲ့ထွက်လာသည့် ကိုကြီးက သူ့အခန်းရှေ့ငုတ်တုတ်ထိုင်နေတဲ့အငြိမ်းကိုတွေ့သွားကာ အံ့ဩသွားပုံပင်။
"ကိုကြီး အပြင်သွားမို့လား!!"
"မင်းဒီကိုဘာလာလုပ်တာလဲ!!"
ŞİMDİ OKUDUĞUN
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Romantizmကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤
