Part(15)

3.6K 113 2
                                        

"နှလုံးသားဖြင့်စီရင်လေသောအခါ☘"

Part (15)
---------------
---------------

"မင်း ကိုယ့်ကိုစိတ်တိုအောင်လုပ်နေတာလား!!"

"ကျွန်တော် ကိုကြီးကိုဘာမှမလုပ်ပါဘူး..ကျွန်တော်အတန်းတက်ရတော့မယ်ကိုကြီး!!"

"မလိုဘူး...လိုက္ခဲ့!!"

"အို..မလိုက်!!"

အငြိမ်းငြင်းချိန်တောင် မရလိုက်။ ကိုကြီးဆွဲခေါ်ရာနောက် ယက်ကန်ယက်ကန်နဲ့ပါသွားကာ ကိုကြီးကားပေါ်ကိုသာရောက်သွားလေတော့သည်။

"ဒုန်း!!"

"အေမ့!!"

ကားတံခါးကိုဆောင့်ပိတ်လိုက်တဲ့ကိုကြီးကြောင့် အငြိမ်းကိုယ်လုံးလေးပင်တုန်တက်သွားရသည်။
ထို့နောက် အပြာရင့်ရင့်အင်္ကျီလက်ရှည်ကိုစတိုင်ပင်အဖြူနဲ့တွဲဝတ်ထားတဲ့ကိုကြီးက ကားကိုမောင်းထွက်လေတော့သည်။
ကိုကြီးဝတ်ထားတဲ့အရောင်ကယောက်ျားလေးနဲ့မလိုက်ပေမဲ့ ကိုကြီးလိုက်ဖက်တာတော့သေချာသည်။အငြိမ်းကိုကြီးကိုအသိလွတ်စွာငေးကြည့်နေရင်းမှ ဟိုနေ့ကကိစ္စကိုအသိဝင်လာကာ မျက်နှာလွှဲပစ်လိုက်လေသည်။

အငြိမ်းအကြောက်အကန်ငြင်းပစ်လိုက်ချင်ပေမဲ့ ကိုကြီးမျက်နှာထားတင်းတင်းကြီးက အငြိမ်းစိတ်ကိုပိုကြောက်စရာကောင်းစေသည်။

■■■■■■

ထိုးရပ်လိုက်တဲ့ကားကြောင့် အငြိမ်းပတ်ဝန်းကျင်ကိုကြည့်မိတော့ အငြိမ်းတို့ရောက်နေတာက ကိုကြီးတိုက်ခန်းရဲ့ကားပါကင်ကိုပင်ဖြစ်သည်။

"ဆင်း!!"

"ကိုကြီး!!"

"ဟိုတစ်နေ့ကလိုမျိုးထူးထူးဆန်းဆန်းတွေ ဒီနေရာမှာထပ်ဖြစ်စေချင်တာလား!!"

"ဟင်!!"

ကိုကြီးစကားကြောင့် အငြိမ်းလန့်သွားရသည်။
အငြိမ်းကကားပေါ်ကနေမဆင်းသေးပေမဲ့ ကိုကြီးကတော့ အငြိမ်းဘက်ကကားတံခါးကိုဖွင့်ကာ ကားဘောင်ကိုလက်တစ်ဖက်နဲ့ထောက်ထားလေသည်။

"ကျွန်တော့်ကိုကျောင်းပြန်ပို့ပေးပါ ကိုကြီး!"

"ငါမခေါ်ခင်တုန်းက ငါ့အခန်းကိုကိုယ့်သဘောနဲ့ကိုယ်လာတာမင်းနော်..အခု ငါခေါ်တော့ ဘယ်လိုဖြစ်သွားတာလဲ!!"

နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)Where stories live. Discover now