"နှလုံးသားဖြင့်စီရင်လေသောအခါ☘"
Part (7)
------------
------------
"ဟယ် အငြိမ်း!!"
"ဟာ...မိဇာ!!"
ကျောင်းတက်သည့် ၄ရက်မြောက်နေ့မှာတွေ့လိုက်ရသည်က အငြိမ်းရဲ့Bffကြီး မိဇာကိုပင်....
အဝတ်အစားကို သူမရဲ့ညိုစိမ့်စိမ့်အသားအရည်လေးနဲ့လိုက်ဖက်စွာ ဝတ်ဆင်ထားပြီး ပြင်ဆင်ထားပုံလေးက မိဇာကိုတော်တော်လေးကျက်သရေရှိသည်ဟု အငြိမ်းတွေးလိုက်မိသည်...
ကျောင်းစတက်တဲ့နေ့ထဲက တစ်ယောက်ထဲအူတူတူဖြစ်နေသည့်အငြိမ်း ဝမ်းသာအားရနဲ့ မိဇာကိုပုခုံးပြေးဖက်လိုက်လေတော့သည်...
"ငါက နင့်ကိုရှာနေတာ...နင်ကဘယ်ပျောက်နေရတာလဲ!!မိဇာ"
"ငါကဘယ်မှမပျောက်ပါဘူးဟ...အငြိမ်း နင်က E majorမှတ်လား!!"
"အေးလေ နင်ရော!!"
"ငါလဲ E majorပဲ...ဒါကsection B!!"
"အာ့ကြောင့်ထင်တယ် ငါကA ...အာ့ကြောင့်ငါတို့၂ယောက်မတွေ့တာပေါ့လေ!!"
"အေး...ငါတို့ကန်တင်းသွားပြီးစကားပြောရအောင်!!"
"Ok!!"
မိဇာကိုတွေ့လိုက်ရသည်မို့ အငြိမ်းတော်တော်လေးအူမြူးနေလေသည်...
အရင်ကလို ယောက်ျားမကျမိန်းမကျ ကဘောက်တိကဘောက်ချာ အငြိမ်းက အခုတော့ ဒေါ်ဒေစီလက်စွမ်းနဲ့တော်တော်လေး မိန်းမဆန်ကာလှပနေလေသည်...
ဒေါ်ဒေစီကိုယ်တိုင်ကMake up artistဖြစ်သလို သားဖြစ်သူကလဲ ဒီဇိုင်နာမို့ ဒေါ်ဒေစီကအလှအပရေးရာမှာတော့ အောချလောက်အောင်တော်သူဖြစ်သည်...
အခုတော့ MUAမလုပ်တော့သည့်ဒေါ်ဒေစီက သူ့ရဲ့တိမ်ငုတ်ထားတဲ့မိတ်ကပ်ပညာကို တစ်အိမ်ထဲနေတဲ့အငြိမ်းအပေါ်မှာလက်စွမ်းပြန်ပြထားခြင်းပင်...
ကန်တင်းမှာ အငြိမ်း ထိုင်လိုက်သည်နှင့် ဝတ်ထားတဲ့ထဘီစကပ်ကြောင့် လူကအနေခက်ခက်ပင်...
မိဇာနဲ့အတူ အငြိမ်းအအေးမှာလိုက်ရင်း
"မိဇာ နင်အခုအဆောင်ငှားနေနေတာပေါ့!!"
"အွန်း!!ဟုတ်တယ်...နင်ရော နင်ပြောတဲ့အိမ်မှာပဲလား!!"
"အေး ဟုတ်တယ်...ငါနင့်ကိုပြောပြစရာရှိတယ်..လန့်မသွားနဲ့နော်!!"
STAI LEGGENDO
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Storie d'amoreကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤
