Part(3)

3.5K 93 0
                                        

"နှလုံးသားဖြင့် စီရင်လေသောအခါ☘"

Part (3)
-------------
-------------

~~~At Astella Hotel~~~

"မင်းပင်ပန်းသွားပြီလား ဘာဘာ!!"

"ငါပင်ပန်းရတဲ့ တရားခံက မင်း!!နောက်ခါဒီလိုငါ့ကိုမပြောမဆိုပဲလုပ်ရင် မင်းနဲ့ငါနဲ့အတွေ့ပဲ!!"

"အေးပါကွာ ဘာဘာရာ...နောက်မဖြစ်စေရပါဘူး!!"

လက်ထဲက ဝိုင်ခွက်ကို လှုပ်ရင်း ပြောလိုက်တဲ့ ဘာဘာ့စကားကြောင့် နခ်တကယ်တုန်လှုပ်သွားရလေသည်
ဘာဘာက သဘောကောင်းသူဖြစ်ပေမဲ့ ပြတ်သားသည်ဆိုတာထက်ပို၍ပြတ်သားသူဖြစ်သည်...
သူ လူတစ်ယောက်ကို သဘောမတွေ့ဘူးဆို သေချာသည်က အဲ့လူသူ့အရှေ့လာသေပြရင်တောင် အလောင်းကိုခွကျော်သွားမဲ့လူစားမျိုးထဲကပင်မဟုတ်လား....

"မင်း အိမ်ပြန်မှာလား ဘာဘာ!!"

"အွန်း!!"

"မင်း အဖေတော့ မင်းကိုပွားတော့မယ်ထင်တယ်!!"

"No Problem!!"

လက်ထဲက ဝိုင်ကိုအေးဆေးသောက်ရင်း ပေါ့ပါးစွာဖြေလိုက်သူက ဘာဘာပင်...
ကိုယ်ပိုင်ဝင်ငွေတွေက သာမန်ထပ်ပိုပြီး သူ့ထပ်ပိုပြီးတော့တောင် ရနေတဲ့ဘာဘာက အပြင်မှာကိုယ်ပိုင်အိမ်ဝယ်ပြီး သီးသန့်နေလို့ရနေတာတောင် မဝယ်ပဲ သူ့အိမ်မှာပဲပြန်နေသည်ကို နခ်လဲအံ့ဩလို့မဆုံး...

■ဘာဘာအိမ်မှာက ဘာဘာက သူ့အမေအန်တီဒေစီနဲ့Peaceဖြစ်ပေမဲ့
အဖဖြစ်တဲ့ဦးစဝ်ခမ်းဝါနဲ့က သားအဖချင်း၅မိနစ်တောင်မျက်နှာချင်းဆိုင်လို့မရ....

"မင်းမှာဒီလောက်ဝင်ငွေတွေရနေတာပဲ ကိုယ်ပိုင်အိမ်ဝယ်ပြီး နေလိုက်ပါလား ဘာဘာရာ!!"

"No!! "

"ဘာလို့လဲ!!"

"No reason!!"

■ဒါပါပဲ...
ကာရံကမ္ဘာ ဆိုတဲ့ ဒီလူသားက အရမ်းလဲလျှို့ဝှက်တတ်သလို သူ့စိတ်ထဲမှာ ဘာရှိနေလဲ ဘာဖြစ်နေလဲ တခြားသူလုံးဝခန့်မှန်းလို့မရအောင်နေတတ်တဲ့ ခန့်မှန်းရခက်သူလဲဖြစ်သည်မဟုတ်လား....

■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■

"အဖေ ကျွန်တော်ကလေ တက္ကသိုလ် သွားမတတ်ချင်ဘူး!!"

နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)Onde histórias criam vida. Descubra agora