"နှလုံးသားဖြင့်စီရင်လေသောအခါ☘"
Part (11)
--------------
--------------"ဟာ!!!"
နခ် အပြေးအလွှား ဘာဘာ့အနားကိုပြေးလာကာ ဘာဘာ့ကိုလာပြေးဆွဲလေတော့သည်။
"ဘာဘာ!!"
ဘာဘာ့အနားကပ်ကာ ဘာဘာ့လက်ကိုဖမ်းဆုပ်လိုက်လေသည်။
တစ်ကိုယ်လုံးရေတွေစိုရွှဲနေကာ မျက်လုံးတွေနီရဲနေသည်အထိဒေါသကြီးနေတဲ့ဘာဘာ့ကြောင့် ပြဿနာပိုကြီးသွားနိုင်သည်က နခ်သိလိုက်လေသည်။"လာပါကွာ!!ငါတို့ပြန်ကြရအောင်"
"တောက်!!"
ဘာဘာ့လက်ကိုကိုင်ကာ ထိုပွဲကနေအတင်းဆွဲထုတ်လာရသူက နခ်ပင်ဖြစ်သည်။ရေစိုနေသည့် ဂါဝန်ကိုကျန်လက်တစ်ဖက်နဲ့မရင်း ထိုနေရာကနေ သူထွက်လာလိုက်လေတော့သည်။
နောက်မှာဘာတွေဖြစ်ကျန်ခဲ့မလဲ သူစိတ်မဝင်စားနိုင်။"အမလေး သားလေး !!ကျွန်မသားလေး မျက်နှာတော့!!"
"သားထနိုင်ရဲ့လား!!"
လဲကျသွားတဲ့သော်မင်းယံကို ဒေါ်သွယ်သွယ်မင်း ပြေးထူလေတော့သည်။ သော်မင်းယံက သူ့သားပင်မဟုတ်လား။သူမ ခဏလောက်သန့်စင်ခန်းသွားလိုက်ရာ ပြန်လာတော့သားဖြစ်သူကအထိုးခံရသည်တဲ့လား။
သော်မင်းယံ အမေဖြစ်သူလက်ကိုကိုင်ကာ ထလိုက်လေတော့သည်။"ဘယ်သူလဲ!! ဘယ်သူကျွန်မသားကိုထိုးတာလဲ!!"
ဒေါ်သွယ်သွယ်မင်း အမေးကို မည်သူတစ်ဦးတစ်ယောက်ကမှမဖြေကြ။
"ပြောစမ်း!!မာ့မီသားကို ဘယ်က အောက်တန်းစား ထိုးတာလဲ!!"
အောက်တန်းစားဆိုသည့်အသံကြောင့် ဒေါ်ဒေစီ ဒေါသကထောင်းခနဲဖြစ်သွားရသည်။
ဒေါ်သွယ်သွယ်မင်းရဲ့သားကိုထိုးလိုက်တဲ့ ကိုယ့်သားမဟုတ်လား။
ဒါပေမဲ့ ဘာဘာရဲ့ပုံစံကြောင့် ဘာဘာကိုသူတို့မမှတ်မိကြ။သူတို့မမှတ်မိတဲ့အတူတူကိုယ်ကလဲ သူ့သားကိုထိုးလိုက်တာ ကိုယ့်သားပါလို့ ဝန်မခံတော့။"Miss World ထိုးလိုက္တာ!!"
"ဘာ!! Miss Worldဟုတ်လား!!"
ဘေးကဖြေလိုက်တဲ့လူတစ်ယောက်ကြောင့် ဒေါ်သွယ်သွယ်မင်းအံ့ဩသွားရလေသည်။Miss Worldကို ဒီပွဲကိုဖိတ်ခဲ့တာ သူမတို့ကိုယ်တိုင်ပင်မဟုတ်လား။အခုတော့ ဘယ်လိုလုပ်Miss Worldကသားကိုထိုးရတာလဲ သူမစဉ်းစားမရတော့။
ŞİMDİ OKUDUĞUN
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Romantizmကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤