"နှလုံးသားဖြင့်စီရင်လေသောအခါ☘"
Part (21)
--------------
--------------
ဧည့်ခန်းထဲမှာ ဝိဥာဉ်ကင်းကွာနေသူလို တောင့်တောင့်ကြီးငြိမ်သက်နေမိသူက အငြိမ်းပင်။
ခြေတွေလက်တွေလဲအေးစက်လာရသလို ဒူးနှစ်ဖက်ကလဲအချင်းချင်းရိုက်နေမတတ်။ အန်တီဒေစီကတော့ ထိပ်ဘက်ဆုံးက ဆိုဖာမှာထိုင်နေသည်မို့ အငြိမ်း အန်တီဒေစီကိုမော့တောင်မကြည့်ရဲ။ကိုကြီးကတော့ အငြိမ်းရဲ့မျက်နှာချင်းဆိုင်ဆိုဖာမှာထိုင်ကာ မျက်နှာက တည်နေဆဲ။
■အငြိမ်းကိုသားရေပေါ်အိပ်သားရေပေါ်စားတဲ့လူလို့အန်တီပြောလေမလား...
သူ့အိမ်မှာနေပြီးသူ့သားနဲ့ကြိုက်နေမိတဲ့ကိုယ့်အဖြစ်ကိုယ်ဝမ်းနည်းလာရသူကအငြိမ်းပင်။
ကိုကြီးကတော့သူနဲ့မဆိုင်သလို အေးတိအေးစက်နဲ့တုတ်တုတ်မျှမလုပ်။
အန်တီမေးခွန်းတွေကြားမှာ အငြိမ်းဘာဖြေရမလဲစဉ်းစားမရသေး။
"ဒါကဘယ်လိုတွေဖြစ်ကြတာလဲ!!"
ဒေါ်ဒေစီအသံကဧည့်ခန်းထဲထွက်ပေါ်လာချိန်မှာတော့ အငြိမ်းခေါင်းငုံ့ချထားမိသည်က ကြမ်းပြင်နဲ့နဖူးထိမတတ်။
ဒေါ်ဒေစီ အငြိမ်းကိုညနေစာစားဖို့ အခန်းထဲသွားခေါ်တုန်းမြင်လိုက်ရသည်က သားဖြစ်သူပေါင်ပေါ်မှာထိုင်နေသည့်အငြိမ်းကိုပင်။
"ကျွန်တော်တို့ကြိုက်နေတာ!!"
"ဘာ!!"
သားဖြစ်သူစကားကြောင့် ဒေါ်ဒေစီအံ့ဩသွားရသည်။
ကိုကြီးရဲ့ရုတ်တရက်အဖြေကြောင့် အငြိမ်း ခေါင်းဆတ်ခနဲမော့မိသွားလေသည်။ကိုကြီးကဒဲ့ကြီးဖြေချလိုက်သည်မဟုတ်လား။
"ကြာပြီ...ကျွန်တော်သူ့ကိုလက်ထပ်ဖြစ်မှာပါ!!"
"ဒါကနောက်စရာမဟုတ်ဘူးနော် ဘာဘာ!!"
"ကျွန်တော့်စကားက Momနားထဲစနောက်စရာအဖြစ်ကြားမိနေလို့လား!!"
"ဘာဘာ!!"
"ကိုကြီး!!"
ကိုကြီးရဲ့အပြောက အဆင်မချောသည်မို့ အငြိမ်း ကိုကြီးနမည်ကိုခေါ်လိုက်မိသည်။
"ဟုတ်ပြီလေ...အငြိမ်းဘက်ကသဘောကရော!"
အငြိမ်းကိုကြည့်ကာမေးလိုက်သည့်အန်တီဒေစီကြောင့် အငြိမ်း ဘာဖြေရမလဲမသိ။ ကိုကြီးကိုကြည့်မိတော့ ကိုကြီးကလဲအငြိမ်းကိုကြည့်နေလေသည်။
အငြိမ်းကြောက်ကြောက်နဲ့မျက်လုံးကိုစုံမှိတ်ချလိုက်ကာ
ESTÁS LEYENDO
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Romanceကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤
