Part(16)

2K 58 0
                                    

"နှလုံးသားဖြင့်စီရင်လေသောအခါ☘"

Part (16)
--------------
--------------

ကိုကြီးနဲ့အငြိမ်းရဲ့အချစ်ရေးကတော့ သူများတွေထင်ထားတာထက်ပင်ပို၍ပို၍ အေးချမ်းလေသည်။
ကျောင်းဖွင့်တဲ့နေ့တွေတိုင်းမှာ အတန်းချိန်ပုံမှန်တက်ရမည် ဆိုတာက ကိုကြီးပေးထားတဲ့အမိန့်။
၁ပတ်စာအချိန်စာရင်းကို ကိုကြီးကိုပေးထားရပြီး အတန်းစောစောပြီးချိန်ဆို ကိုကြီးကိုယ်တိုင်ကျောင်းမှာလာကြိုပြီး ကိုကြီးတိုက်ခန်းမှာသာ အချိန်ကုန်ဆုံးဖြစ်သည်။
အတန်းစောစောပြီးတဲ့နေ့တွေမှာ အငြိမ်းရဲ့အချိန်တွေက ကိုကြီးအတွက်ဖြစ်နေသလို ကိုကြီးကလဲထိုနေ့တွေမှာ သူ့အချိန်အားလုံးကိုအငြိမ်းကိုအပိုင်စားပေးထားလေသည်။

■ဒါကြောင့်အငြိမ်းအတွေ့အကြုံကိုrecommendပေးရရင်တော့ကိုကြီးတွေကောင်းတယ် ရှယ်ပဲ!!

"ကိုကြီး!!"

"ဗျာ..."

■အဲ...
တစ်ခုရှိသေးသည်..အငြိမ်းရဲ့ကိုကြီးက အလှပြင်တာ အင်္ကျီချုပ်တာပဲတော်တာမဟုတ်ဘူး...ထမင်းဟင်းလဲချက်တတ်သေးသည်။
မိန်းကလေးဖြစ်တဲ့အငြိမ်းကတော့ကိုကြီးနဲ့လုံးဝဆန့်ကျင့်ဘက်...
အလှပြင်တာဆို သနပ်ခါးပါးကွက်တောင်ညီအောင်မကွက်တတ်သလို အင်္ကျီချုပ်ဖို့ဆို အပ်ပင်ရဲရဲမကိုင်ရဲ..
ထမင်းဟင်းချက်တတ်ဖို့ဆိုတာကတော့ လုံးဝဝေလာဝေး...

ဒီနေ့ထိုင်းပုံစံပင်လယ်ကြာဇံသုတ်လုပ်ကျွေးမယ်ဆိုပြီး မီးဖိုခန်းထဲအပရွန်ဝတ်ပြီးအလုပ်ရှုပ်နေတဲ့ ကိုကြီး..

"ကိုကြီး!!!"

"ဗျာ...ငယ်လေး"

အလုပ်ရှုပ်နေတဲ့ကိုကြီးကျောပြင်ကိုအနောက်ကနေဖက်ထားတဲ့အငြိမ်းကကိုကြီးကျောပြင်ကိုမျက်နှာအပ်ထားသည်မို့ ကိုကြီးရဲ့ကိုယ်ငွေ့နွေးနွေးလေးကိုခံစားမိသည်။

"ဘာပြောမို့လဲ ငယ်လေး!!"

"ဟင့်အင်း...ဒီတိုင်းဖက်ထားချင်လို့!!ကိုကြီး ကျွန်တော့်ကိုချစ်လားဟင်!!"

"ချစ်တာပေါ့ ငယ်လေးရဲ့!!"

"နည်းနည်းလေးလား!!"

နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)Where stories live. Discover now