Part(20)

2K 66 0
                                    

"နှလုံးသားဖြင့်စီရင်လေသောအခါ☘"

Part (20)
--------------
--------------

"ဂျောက်!!"

ရေချိုးခန်းတံခါးဖွင့်ပြီးထွက်လိုက်သည်နှင့် ကုတင်ဘေးက စားပွဲပေါ်မှာ စူပုတ်ပုတ်ထိုင်နေသည့် အငြိမ်းကိုတွေ့လိုက်ရသည်။
လပ်တော့ကိုအရှေ့တည့်တည့်မှာချထားကာ စားပွဲပေါ်မေးထောက်ပြီး ထိုင်နေသည့် သူမ...။

"ရောက်နေတာ ကြာပြီလား ငယ်လေး!!"

"ဟွန့်!!"

ကိုကြီးမေးတာကိုကြားပေမဲ့ ထမင်းဝိုင်းကကိစ္စကိုအစာမကျေသည့်အငြိမ်း မဖြေ။နှုတ်ခမ်းကိုထော်ချိတ်ကာ မသိချင်ဆောင်နေလိုက်သည်။
■ဘာ အခုမှငယ်လေးလဲ...
ဘာမှမငယ်လေးဘူး!!

စိတ်ထဲကနေကြိတ်ပြီးဒေါသထွက်နေရသည့်အငြိမ်း။သူများကောင်မလေးတွေလို ဒါငါ့ရည်းစားပဲဆိုပြီး ဆွဲထိုးရအောင်လဲ ကိုကြီးနဲ့အငြိမ်းက ၁၀နှစ်တောင်ကွာသည်မဟုတ်လား။

"အဟင်း!!"

သူမေးတာကိုမဖြေတဲ့ အငြိမ်းကြောင့်သူ့ကို စိတ်ကောက်နေပြီမှန်းသိလိုက်ရသည်။

"အ မေ့!!"

အငြိမ်းကိုနောက်ကနေသိုင်းဖက်လိုက်သည့်ကိုကြီးကြောင့် အငြိမ်းလန့်သွားရသည်။

"ကိုကြီး...ဘာလုပ်တာလဲ ဖယ်!!"

"အဟက်!!မဖယ်ပါဘူး...ပြောပါဦးကလေးမ ကိုယ့်ကိုစိတ်ကောက်နေရတဲ့အကြောင်းလေး!!"

"ကျွန်တော့်ကိုလာမခေါ်နဲ့..ဖယ်!!စာသင်မှာမှတ်လား သင်စရာရှိတာသင်!!ကျန်တာ မပြောနဲ့!!"

"ဟောဗျာ!!"

ဂျစ်ကန်ကန်လေးပြောနေတဲ့အငြိမ်းကြောင့် ဘာဘာပြုံးမိပြန်သည်။
ထို့နောက် သူမကိုယ်လုံးလေးကိုသာမန်ထက်ပိုတင်းကြပ်အောင်ဖက်လိုက်သည်မို့

"ဟာ...ဖယ်လို့..ကိုကြီးနော် ကျွန်တော်ဒီမှာအသက်ရှုကြပ်နေပြီ!!"

"ဟုတ်လား!!"

"အို.."

အငြိမ်းရဲ့ပါးပြင်တစ်ဖက်အေးခနဲဖြစ်သွားရသည်။
ခုနကရေချိုးခန်းကနေထွက်လာတဲ့ကိုကြီးရဲ့အနမ်းတစ်ပွင့်ကအငြိမ်းပါးပြင်ပေါ်တံဆိပ်ခတ်လိုက်ခြင်း..

နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)Where stories live. Discover now