Part(2)

4.4K 101 0
                                        

"နှလုံးသားဖြင့်စီရင်လေသောအခါ☘"

Part (2)
------------
------------

"အငြိမ်း!!"

ခြံထဲဝင်ဝင်ချင်းမှာပဲ အိမ်ပေါ်ကအမေ့ရဲ့အော်သံက  အငြိမ်းနားထဲစူးခနဲ...

"ဗျာ အမေ!!"

"ဗျာကိုနောက်ထား!!နင်အခုချက်ချင်း ငါ့ဆီလာခဲ့စမ်း!!"

ခြံထဲဆိုင်ကယ်ဒေါက်ကိုထောက်ကာ အငြိမ်းခေါင်းကိုတဗျင်းဗျင်းကုတ်ပစ်လိုပ်မိသည်...

■သွားပြီ...အငြိမ်းမရေ
ဒီနေ့တော့ နင်တော့နားကွဲပြီ...

"အ!! အမေ ...အမေ နာတယ်!!နာတယ် အမေ!!"

အိမ်ပေါ်တက်တက်ချင်း တံခါးဝကနေ ဘွားခနဲပေါ်လာတဲ့အမေက အငြိမ်းနားရွက်တစ်ဖက်ကိုဆွဲပြီးသား...

"အငြိမ်း!!နင်တကယ်ပေါက်ကျော်မ ဖြစ်နေပြီဟဲ့...ဆိုင်ကယ်စီးခွင့်လေးတစ်ခါပေးလိုက်တယ် နင့်ကိုယ်နင် စူပါမန်းထင်နေလား...အဝေရာငြိမ်းရဲ့!!"

"အ...နာတယ် အမေ...ကျွန်တော် ဆိုင်ကယ်ဖြည်းဖြည်းလေးမောင်းပါတယ် အမေရယ်!!"

"တိတ်စမ်း!!"

အမေလက်ထဲကနေ လွတ်သွားတဲ့နားရွက်တစ်ဖက်ကို အငြိမ်းပွတ်ကာ ဧည့်ခန်းထဲကကြိမ်ခုံပေါ် ထိုင်ချလိုက်သည်...
နားရွက်ကတော့ ပူထူပြီးပြတ်ထွက်မလိုတောင်ခံစားနေရသည်ပင်...

"ငါ့နှယ်အေ!! သမီးမိန်းကလေးတစ်ယောက်မွေးထားမိပါတယ်...ဘယ်ဘဝကဘယ်အကျိုးဆက်ကြောင့်ဒီလိုပေါက်ကျော်မကို ရထားလဲဆိုတာ တွေးလို့တောင်မရဘူး...သားကြီးကလိမ္မာသလောက် နင့်မှာ ဘယ်နေရာသုံးရတာရှိလဲဟမ်!!"

"ကျွန်တော်က ကိုကြီးနဲ့မှမတူတာ...ကျွန်တော်သုံးလို့ရတဲ့နေရာတွေလဲ ရှိပါတယ် အမေရ!!"

"ပြောစမ်း...နင် ဘယ်နေရာသုံးရလဲ...ထမင်းဟင်းမချက်တတ် အဝတ်မလျှော်တတ် မီးပူမတိုက်တတ်နဲ့ ...နင်ဘယ်နေရာအသုံးကျလဲ!!"

"စားတဲ့နေရာလေ..."

"ဘာ!!"

အငြိမ်းစကားကြောင့်ဒေါ်ခိုင်ဝါတစ်ယောက်အငြိမ်းကိုကြည့်ပြီး ဒေါသပင်ထွက်လာရသည်...

နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)Donde viven las historias. Descúbrelo ahora