"နှလုံးသားဖြင့်စီရင်လေသောအခါ☘"
Part (17)
--------------
--------------
"ရှင်ဘယ်လိုလုပ်ဒီလိုလုပ်ရက်မျိုးကိုလုပ်ရက်ရတာလဲဟမ်!!ရှင်ကျွန်မကိုပြောပြစမ်းပါဦး ကိုအောင်ငြိမ်းရဲ့!!"
အမေ့နဲ့အဖေ့ရဲ့ရန်ပွဲကြားမှာ မျက်ရည်လည်နေရသူက ခိုင်ဝါငြိမ်းပင်။
အသက်၁၄နှစ်ရှိနေပြီမို့ အမေနဲ့အဖေရန်ဖြစ်ရတဲ့ပြဿနာအရင်းခံကိုသူမ သိရှိနားလည်နေပြီဖြစ်သည်။
"ငါ ပြောတာက တင်မေ တို့သားအမိလဲ ဒုက္ခရောက်နေတယ် ရီချို!မင်းကိုယ်ချင်းစာကြည့်ပေးလိုက်ပါ!!"
"အို..ဘာကိုမှ ကျွန်မကိုယ်ချင်းမစာနိုင်ဘူး!!ဒီနှစ်တွေမှာ ကျွန်မကရှင်လှည့်သမျှပတ်သမျှကို နည်းနည်းတောင်မရိပ်မိတဲ့ ငအမကြီးဆိုပြီး ရှင်တို့တွေကျွန်မကိုလှောင်နေကြမှာပေါ့!!"
"ရီချို မင်းမဟုတ်တာတွေမပြောစမ်းနဲ့!!"
"ဘာမဟုတ်တာလဲ ဘာနေရာကမဟုတ်တာလဲ...ခိုင်ဝါနဲ့ဟိုကလေးမ အသက်၆လပဲကွာထဲကကျွန်မက နွားလုံးလုံးဖြစ်နေရတာပဲ!!မနေဘူး...ရှင့်ဘာသာ ဘယ်မယားငယ်မနဲ့ပဲနေနေ...ကြိုက်တဲ့သူနဲ့နေ...ကျွန်မကတော့ ရှင်နဲ့နည်းနည်းတောင်မပေါင်းနိုင်ဘူး!!"
"ရီချို!!"
ဦးအောင်ငြိမ်းရဲ့ခေါ်သံကိုလျစ်လျူရှုလိုက်ကာ ဒေါ်ရီချိုတစ်ယောက် အခန်းထဲအဝတ်တွေကိုဆွဲထုတ်ပြီး အိတ်တစ်လုံးထဲထိုးထည့်လေတော့သည်။ဦးအောင်ငြိမ်းတားဆီးပေမဲ့ မရတော့။
"ခိုင်ဝါ လာခဲ့ !"
"ရီချို...မင်းငါ့သမီးကိုမခေါ်သွားနဲ့...ရီချို!ရီချို!!"
နံရံကိုမှီကာထိုင်နေတဲ့ ခိုင်ဝါလက်ကိုဆွဲကာ ဒေါ်ရီချိုနှစ်ဆောင်ပြိုင်အိမ်ကြီးပေါ်ကနေ ဆင်းလာလေတော့သည်။
ထိုအတိတ်တွေက ခိုင်ဝါငြိမ်းရဲ့အတိတ်တစပင်..
ထိုနေ့ထိုအချိန်မှစ၍အဖေနဲ့အမေကွဲသွားလေတော့သည်။
အကြောင်းရင်းက အဖေကအမေ့နောက်ကွယ်မှာဒေါ်တင်မေနဲ့ဖောက်ပြန်ကာ ခိုင်ဝါထပ်၆လပဲငယ်တဲ့သမီးလေးတစ်ယောက်မွေးထားတယ်တဲ့လေ...
ထို့ကောင်မလေးနမည်က 'သီတာငြိမ်း' တဲ့...
ESTÁS LEYENDO
နှလုံးသားဖြင့်စီရင်လေသောအခါ (Complete)(Unicode)
Romanceကိုကြီးနဲ့ ကျွန်တော် ဇာတ်လမ်းလေး🖤
