လေတစ်ချက်အဝှေ့မှာ ညစ်နွမ်းနွမ်းလိုက်ကာစလေးက လှုပ်ခတ်သွားသည်။
တစ်စတစ်စ တိုးဝင်လာသော နေရောင်ခြည်က နေပြောက်ကလေးတွေ အဖြစ်သာ ထိုအခန်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ဝါကျင့်ကျင့်မီးအိမ်လေးက မနက်ခင်းရောက်နေသည်အထိ လင်းနေဆဲပင်။
မီးအိမ်ပိုင်ရှင်လေးသည် မနက်ခင်းအားမေ့လျော့နေသလား။အဖြေမရှိတဲ့ပုစ္ဆာကို တွက်ရင်း စာရွက်များကို လုံးချေလို့ပစ်ချခဲ့သည်။
အဓိပ္ပါယ်မရှိပေမယ့် ညလုံးပေါက်ထိုင်တွက်နေခဲ့သည့် ပုစ္ဆာငယ်သည် ထွေပြားချင်းကိုသာ ယူဆောင်လာခဲ့သည်။ကြမ်းပြင်ပေါ် ပြန့်ကျဲနေသောစက္ကူလုံး များအားကြည့်ပြီး မှိုင်းမိနေသောစိတ်ဓာတ်တို့က ပို၍ ပို၍သာ ဆိုးလာခဲ့သည်။
အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်က စာရွက်တွေကို ကုန်ဆုံးလွင့်ပါးစေတယ်....
ဒါဆို ကျနော့်ရဲ့ ရှင်သန်ခြင်းကရော....အကျိုးပြုခြင်း တစ်စုံတစ်ရာမရှိရှာတဲ့ ကျနော့်ရဲ့ရှင်သန်ခြင်းကရော ဘယ်အရာတွေကို အလဟသ ကုန်ဆုံးလွင့်ပါးစေခဲ့သလဲ။
*အကယ်၍.....ငါသာ....မရှိတော့ရင်*
စာရွက်အပိုင်းအစတစ်ခုပေါ် ထိုစာစုလေးကို ရေးခြစ်မိသည်။