ဝရန်တာရဲ့စားပွဲထက်တွင် ခြေနှစ်ဖက်အားချထားရင်း နှစ်ဦးသားလှဲလျောင်းနေခဲ့ကြသည်။
ညာဘက်လက်ကိုတစ်ဆစ်ခေါက်ကာ ခေါင်းအောက်သို့ထိုးသွင်းထားလိုက်သည်။
ဘယ်ဘက်လက်ကိုတော့ ဆော့ဂျင်ငယ်အတွက် ခေါင်းအုံးသဖွယ်အသုံးပြုစေခဲ့သည်။ဆော့ဂျင်ငယ်၏လက်ချောင်းလေးများက ကြယ်ရောင်စုံတောက်ပနေသော ကောင်းကင်ကြီးဆီသို့ညွှန်ပြနေလျက်ရှိသည်။
"ဂျွန်.. ဟိုကြယ်က ဘယ်နှလုံးမြောက်လဲ!!"
များပြားလှသော ကောင်းကင်ထက်က ကြယ်ကို အရေအတွက်မေးလေတော့ ကျနော်ဖြေဖို့ရာအတန်ငယ်ကြာသွားရသည်။
"ကလေးလား..ဆော့ဂျင်ငယ်!!"
မျက်စောင်းတစ်ချက်က ချက်ချင်းပင် ကျနော့်ထံသို့နယ်ကျော်လာလေရဲ့..
"ဂျွန်က အာရုံမရဘူးပဲ!!"
"ဟင်... ကျနော့်အာရုံက ဆော့ဂျင်ငယ်တစ်ယောက်ထဲအပေါ်မှာပဲ ထားထားတာပါ!!"
"အပိုတွေ.. ကျနော့်စိတ်ထဲကြယ်တွေရေတွက်နေတာ ဘယ်လောက်ရောက်နေမှန်းတောင် ဂျွန်မသိပဲနဲ့!!"
"အဟက်.. ကလေးပဲ... ဆောဂျင်ငယ်က တကယ့်ကလေးပဲ!!"
ကျနော့်လက်မောင်းရင်းကို ခေါင်းအုံးရင်းလှဲနေသော ဆော့ဂျင်ငယ်ကို လက်လေးခေါက်လိုက်ရင်းကျနော့်ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်။
ရုတ်တရက်မို့ တဖျက်ဖျက်ရိုက်သံတို့နှင့်အတူ ကျနော့်ရင်ဘက်သ်ို့ သူရိုက်နှက်နေသေးသည်။
အကြင်နာအနမ်းတစ်ပွင့်အား သူ့နဖူးထက်ခြွေချလေမှ ရိုက်နေသောလက်များကငြိမ်လို့သွားသည်။
"ဂျွန်.. ခင်ဗျားကတော့လေ!!"
ကျေနပ်ရိပ်များလွှမ်းနေသော သူ့မျက်နှာလေးကို အလင်းသဲ့သဲ့အောက်တွင် ကျနော်ငေးကြည့်နေမိသေးသည်။
ခပ်ပြေပြေလေညှင်းလေးကတိုက်လေတော့ သူကျနော့်အနားကိုပို၍တိုးကာ ကပ်လာသည်။
"ဂျွန်!!"
"ဗျာ!!"
"ဒီအိမ်မှာနေရတာ အဆင်ပြေလား!!"