ဒီနေ့လည်း မနေ့ကလိုပဲ ဆော့ဂျင် studio ခန်းထဲသို့ 6:45မိနစ်ဖြစ်သည်နှင့်ရောက်နေခဲ့သည်။
ဒီနေ့ရော ဘယ်သူတွေကဖုန်းခေါ်လာမလဲဟုတွေးရင်း မနေ့က ဂျွန့်ကိုသတိရမိသေးသည်။
ဒီနေ့ရော ဂျွန်ခေါ်လာလေဦးမလား။
နာရီမှ 7:00 အတိသို့ရောက်သောအခါ ON AIR ဆိုသော ဘုတ်လေးသည် မီးလင်းသွားခဲ့သည်။
Intro တီးလုံးလေးအဆုံးတွင် ဆော့ဂျင်၏နှုတ်ဆက်စကားသံလေးလည်းထွက်ပေါ်လာခဲ့သည်။"မင်္ဂလာပါ...The Next Day Radio ချန်နယ်မှကြိုဆိုပါတယ်!!"
"ကျနော်တို့ရဲ့ တစ်နေ့တာအစ ကောင်းသောဆုမွန်ကောင်းစကားတွေနဲ့ စတင်ဖို့ morning call အစီအစဥ်လေးနဲ့အတူ ဟောဒီက ကင်ဆော့ဂျင်လေးရောက်ရှိလာပါပြီ!!"
"ကဲ ဒါဆိုရင် ကျနော်တို့ရဲ့ ဖုန်းခေါ်မယ့်အစီအစဥိလေးကို စလိုက်ကြတော့မလား!!"
ပထမဆုံး call လေးက စတင်လို့ဝင်လာခဲ့သည်။
သို့သော် ဂျွန်မဟုတ်ခဲ့ပါ။
ဒုတိယcall လေးလည်း ထပ်ဝင်လို့လာခဲ့သည်။
သို့သော် ဂျွန်မဟုတ်ခဲ့ပါ။studio မှန်၏တစ်ဖက်ခြမ်းတွင်ရပ်နေသော လုပ်ဖော်ကိုင်ဘက်က ကျနော့်အားမေးငေါ့၍ပြသည်။
အလို...ကျနော်အလိုမကျမှုတွေမျက်နှာမှာပေါ်လွင်ခဲ့လေသလား။
ကျနော်လျင်မြန်စွာပင်ခေါင်းခါပြလိုက်သည်။
တတိယcall ဝင်လာသော်လည်း သူမဟုတ်ခဲ့ပြန်ပေ။
အလိုမကျသောစိတ်တို့က လေးယောက်မြောက်call ကို နောက်ဆုံးcall ဟူ၍မှားယွင်းစွာကြေငြာမိခဲ့သည်။မှားနေကြောင်း studio တစ်ဖက်ခြမ်းမှ လက်များကို cross လုပ်ပြနေသော်လည်း ကျနော်ပြန်မပြင်ဆင်ချင်တော့ပေ။
နောက်ဆုံး call မတိုင်မီ စကားပြောမည်ဟုသာ ကြေငြာလိုက်ပြီး အချိန်ကိုနည်းနည်းဆွဲလိုက်လေသည်။
အဟင်း....ကျနော်တော့အပြောခံရပေဦးမည်။
"ဒီနေ့တော့ အပြင်မှာနေသာတယ်ဗျ...ကျနော်အလုပ်လာတုန်းကတော့ နေထွက်ကာစပဲရှိသေးတယ်...အရမ်းလည်းမအေးတော့ ပေါ့ပေါ့ပါးပါးလေးဝတ်ပြီးထွက်လို့ရတယ်..ပြီးတော့ကျနော်ဒီနေ့ဝတ်ခဲ့တာက အဖြူရောင်sport shirt နဲ့ blue jean လေး...ဒီတော့ ကျနော်နဲ့ဆင်တူဝတ်ကြမလား!!"
![](https://img.wattpad.com/cover/315291653-288-k901572.jpg)