ဖုန်းပြောပြီးသည့်နောက် 10 မိနစ်ခန့်ရှိပြီဖြစ်သည်။
သို့သော် အပျော်လွန်နေသော ဂျောင်ကု စိတ်နှင့်ကိုယ်နှင့်မကပ်ရှာပေ။ဝရန်တာမှ အခန်းအတွင်းဆီသို့ခေါက်တုန့်ခေါက်ပြန်လျှောက်နေခဲ့သည်။
ကျေနပ်ပီတိများဖြင့် မမောပန်းနိုင်ပါပဲ ဂျောင်ကုလျှောက်နေခဲ့ပြီးကာမှ တစ်စုတစ်ခုကိုသတိရမိဟန်ဖြင့် ဖုန်းထံပြေးလာခဲ့သည်။သိမ်းထားသော blutooth box လေးအား စင်မြင့်တစ်နေရာမှ လှမ်းယူလိုက်သည်။
ရေဒီယိုထဲကကောင်လေးနှင့်ပြောထားသော ဖုန်းrecord ကို အသံခပ်ကျယ်ကျယ်ဖွင့်လိုက်ပြီး ပြုံးရွှင်နေခဲ့ပြန်သည်။သူ့အား ကောင်လေးမှ အိမ်သန့်ရှင်းရေးလုပ်ရန် မှာနေသောစကားနေရာတွင် ဂျောင်ကု သူ့အခန်းအား ဝေ့ဝိုက်၍ကြည့်မိသည်။
လွန်ခဲ့သည့်သုံးလေးရက်ခန့်က ဘီယာဘူးခွံသည် အခန်းထောင့်လေးတွင် ပိန်လိမ်နေစွာဖြင့်ရှိနေသည်။
ခြေအိတ်များသည်လည်း ဖိနပ်ထဲတစ်ဝက် ကုတင်ခြေရင်းနားတစ်ဝက်ဖြင့် ပျံ့ကျဲလို့နေသည်။
ဂျောင်ကု ရှက်ရယ်ရယ်ကာ ဆံပင်လေးများထဲသို့ လက်ချောင်းဖြင့်ထိုးဖွလိုက်သည်။
"ကောင်လေး...ကြိုမြင်နေလို့များရှင်းခိုင်းတာလား!!"
ရယ်ရယ်မောမောနှင့်သာ ခြင်းတောင်းအလွတ်တစ်လုံးကိုယူ၍ ခြေအိတ်များကိုကောက်ထည့်လိုက်သည်။
လုံးထွေးကာချွတ်ချထားသော ဘောင်းဘီရှည်များကိုလည်း ကြမ်းပြင်ပေါ်မှကောက်ယူလိုက်သည်။
ကုလားထိုင်ပေါ်တွင် တင်နေပါသော underware များကိုလည်း ခြင်းထဲပစ်ထည့်လိုက်သည်။