တတိယနေ့၏ မနက်ခင်း
Alarm မမြည်ခင်ကပင် ဂျောင်ကုတက်ကြွစွာနိုးထလာခဲ့သည်။
မမြည်သေးသည့် Alarm ကို ကြိုပိတ်ကာ ကုတင်ပေါ်မှ ဆင်းလာလိုက်သည်။တစ်နေ့တာ၏ ပထမဆုံးအလုပ်သည် ရေဒီယိုဖွင့်ရန်သာပင်။
ကောင်လေးမဟုတ်သော တခြားသူ၏အသံထွင်ပေါ်လာသော ရေဒီယိုကို အသံသင့်တင့်ရုံသာထား၍ ရေချိုးခန်းထဲသို့သူဝင်သွားခဲ့သည်။ခပ်မြန်မြန် ပြင်ဆင်ပြီးသည့်နောက်တွင် မနေ့ကကဲ့သို့ သဘက်အားခါးတွင်ပတ်မထားတော့ပေ။
အဖြူရောင်စွပ်ကျယ်တစ်ထည်အား ထုတ်ပြီးသည့်နောက်တွင် ပေါင်တစ်ဝက်သာရှိသည့်ဘောင်းဘီတိုကိုလည်း ထုတ်ဝတ်လိုက်သည်။စာရေးစားပွဲနားရှိ ထိုင်ခုံအားတရွတ်တိုက်ဆွဲကာ ရေဒီယိုရှေ့တွင်နေရာချထားလိုက်သည်။
အားသွင်းလက်စ ဖုန်းလေးအား အားသွင်းကြိုးမှဖြုတ်ယူလိုက်ပြီးသည့်နောက် screen ပေါ်မှပေါ်လာသောအချိန်ကိုတစ်ချက်ကြည့်လိုက်သေးသည်။7:00 အတိ။
intro တီးလုံးသံလေးပေါ်လာသည်နှင့် ဖုန်းကိုသူ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။
နေ့တစ်နေ့ရဲ့ရင်အခုန်ရဆုံးအချိန်ကို သူရောက်ရှိနေခဲ့သည်မဟုတ်လား။"မင်္ဂလာပါ...The Next Day ချန်နယ်မှ ကြိုဆိုပါတယ်!!"
ရေဒီယိုထဲက ကောင်လေးအသံပေါ်ထွက်လာသည်နှင့်တစ်ပြိုက်နက် သူ့မျက်နှာပေါ်တွင် အပြုံးတို့သည်လည်း ချိတ်ဆွဲလျက်ရှိနေသည်။
"ကျနော်တို့ရဲ့ တစ်နေ့တာအစ ကောင်းသောဆုမွန်ကောင်းစကားတွေနဲ့ စတင်ဖို့ morning call အစီအစဥ်လေးနဲ့အတူ ဟောဒီက ကင်ဆော့ဂျင်လေးရောက်ရှိလာပါပြီ!!"
ရေဒီယိုထဲက ကောင်လေး နှုတ်ဆက်စကားဆိုလေတော့ သူလည်း နှုတ်ဆက်စကားလိုက်ဆိုမိသည်။
"မင်္ဂလာပါ ကောင်လေး... မဟုတ်သေးဘူး...ဆော့ဂျင်ငယ်!!... အဟက်!!"
တစ်ယောက်ထဲရေရွတိရင်း သဘောကျနေမိပြန်သည်။ ကောင်လေးမကြားနိုင်ပေမယ့်ပေါ့။