သံစဥ်တစ်ခုအား လေချွန်ရင်း studio ခန်းရှိရာသို့ ဆော့ဂျင်လျှောက်လှမ်းလာခဲ့သည်။
တိုင်ကပ်နာရီကိုမော့ကြည့်ရင်း အရှေ့အစီအစဥ်မှလူကို ထိုင်စောင့်နေလိုက်သည်။နောက်မှဝင်လာသောသူငယ်ချင်းအား လက်ပြနှုတ်ဆက်လိုက်ပြီး သူငယ်ချင်းမှ စနောက်သည့်သဘောဖြင့် ခပ်ထေ့ထေ့ပြုံးပြသည့်အခါ ရယ်ရုံသာရယ်နေနိုင်သည်။
ရှေ့အစီအစဥ်မှ စီနီယာများအားနှုတ်ဆက်ပြီးနောက် မနက်ခင်း7:00 သို့မြန်မြန်ရောက်ရန် ဆော့ဂျင်ဆုတောင်းနေမိသည်။
ဂျွန်....ဒီနေ့ရော စောင့်နေလေမလား...
"ဟေ့.. ကိုယ့်လူ မင်းရဲ့ဂျွန်ဒီနေ့ရော လာမှာလား!!"
studio တစ်ဖက်ခြမ်းမှ mic ကိုဖွင့်ပြီးသူငယ်ချင်းမှ စနောက်လာသည်။
"လာမှာ...အသေအချာပဲ!!"
"ဟ... အဲ့လောက်တောင်ဘာလို့သေချာနေတာလဲ!!"
ထိုအဖြေအား ဘယ်ဘက်ရင်ဘက်အားပုတ်ပြရင်း
"ဒီနေရာက... သိနေလို့!!"
"ဟားးး....ဟားးး!!"
studio ခန်းအတွင်းဆူညံလို့သွားခဲ့သည်။ ရယ်မောခြင်းကြောင့် ဖြ်စ်တည်သည့်ဆူညံခြင်းမို့ လာဘ်လာဘကောင်းသည်ဟုဆော့ဂျင်ယူဆမိသည်။
ဂျွန်...ယုံကြည်နေမယ်နော်...
တစ်ကိုယ်တော် တီးတိုးစွာရေရွတ်ပြီးနောက် ON Air ဆိုင်းဘုတ်လေးက မီးလင်းသွားခဲ့သည်။
Intro တီးလုံး၏နောက်တွင် ဆော့ဂျင်၏ နှုတ်ဆက်သံလေးက တစ်ပါထဲပေါ်ထွက်လာခဲ့သည်။"မင်္ဂလာပါ..The Next Day ချန်နယ်မှ ကြိုဆိုပါတယ်!!"
"ကျနော်တို့ရဲ့ တစ်နေ့တာအစ ကောင်းသောဆုမွန်ကောင်းစကားတွေနဲ့ စတင်ဖို့ morning call အစီအစဥ်လေးနဲ့အတူ ဟောဒီက ကင်ဆော့ဂျင်လေးရောက်ရှိလာပါပြီ!!"
"ပထမဆုံး ဖုန်းcall လေးနဲ့ အစီအစဥ်လေးကိုစတင်လိုက်ကြရအောင်လား!!"
ထိုသို့ပြောပြီးသည်နှင့် ပထမcall အားလက်ခံလိုက်သည်။
ဂျွန့်အတွက် နောက်ဆုံးcall က သီးသန့်ရှိနေသည်မို့ ပထမဆုံးလူသည် ဂျွန်မဟုတ်လည်း ရင်မထိတ်ခဲ့ပါ။