ဆော့ဂျင်ငယ် မရှိသောနေ့ရက်တို့သည် ကံကောင်းခြင်းတို့ပင် ပျက်သုဥ်းရသော်ငြား ဆော့ဂျင်ငယ်ပေါ်လာနိုးနှင့် မနက်ခင်းတိုင်းတွင်ရေဒီယိုဖွင့်ကာ ဂျောင်ကုတစ်ယောက် စောင့်လေ့စောင့်ထရှိသည်။
အနားထောင့်စုတ်ပြဲနေသော စားပွဲတင်ပြက္ခဒိန်လေးအား မှင်နီလေးနှင့် ကြက်ခြေခတ်ပြထားသောရက်များကို လက်ထောက်၍ ရေကြည့်သည်။
"တစ်...နှစ်...သုံး... လေး...ငါး..ခြောက်...ခုနှစ်!!"
"ခုနှစိရက်တောင်ရှိပြီပဲ!!"
ခုနှစ်ရက်ဟူသောသီတင်းပတ်တစ်ခုသည် ရေဒီယိုထဲကကောင်လေးဆောဂျင်ငယ်၏ ဆုတောင်းစကားနှင့် ဝေးလွင့်နေခဲ့သော တစ်ပတ်တာအချိန်လည်းဖြစ်သည်။
6:57 သို့ပြနေသောနာရီကြောင့် ဒီနေ့လည်းကောင်လေး ပေါ်လာမလားဟူသောအတွေးနှင့် ရေဒီယိုအားဖွင့်ထားလိုက်သည်။
ရုံးပိတ်ရက်ဖြစ်နေသောကြောင့် အထူးတလည်ပြင်ဆင်နေစရာမလိုသည့်အတွက် ကုတင်ပေါ်တွင်ကန့်လန့်ဖြတ်လှဲကာ ရေဒီယိုအစီအစဥ် လာမည့်အချိန်ကို စောင့်နေလိုက်သည်။
7:00 တိတိသို့ နာရီလက်တံညွှန်သော အခါ ကြားနေကျ intro တီးလုံးလေးကပေါ်ထွက်လာသည်။
ရေဒီယိုအသံနှင့်အပြိုင် ဂျောင်ကု၏ဖုန်းလေးလည်း ထမြည်လာခဲ့လေသည်။ရေဒီယိုဘက်သို့နားစွင့်နေရင်းမှပင် အားသွင်းထားသောဖုန်းကို ထဖြုတ်ကာ ဖုန်းနံပါတ်အားကြည့်လိုက်သည်။
Unknown contact ဖြစ်သည်မို့ ချက်ချင်းမကိုင်ဖြစ်ခဲ့ပေ။
"မင်္ဂလာပါခင်ဗျာ... The Next Day Radio ချန်နယ်မှ ကြိုဆိုပါတယ်ခင်ဗျ!!"
ကောင်လေးအသံမဟုတ်မှန်းသိလိုက်သည်နှင့် ရေဒီယိုအပေါ်ထားသောအာရုံများကို အဆက်ဖြတ်ချလိုက်သည်။
ဆက်လက်၍မြည်နေဆဲဖုန်းလေးအား ကိုင်လိုက်သည်။
"Hello..ဘယ်သူပါလဲ!!"
ဂျောင်ကုဘက်မှ စတင်ကာ မေးမြန်းဖြစ်သည်။
"မင်္ဂလာပါ ဂျွန်!!"
"ဟင်!!"
"ကျနော် Morning call အစီအစဥ်မှ ကင်ဆော့ဂျင်ပါ ဂျွန်!!"