ON AIR 16

835 154 140
                                    

မနက်ခင်းရယ်လို့ အစပြုဖော်ရလိုက်သည်နှင့် ဂျောင်ကု အိပ်ရာထက်မှ လူးလွန့်စွာ ထရတော့သည်။

သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက် မနက်ခင်းကော်ဖီလာသောက်မည့် ဆော့ဂျင်ငယ်အတွက် ရေနွေးလေးလည်းတည်လို့ထားရသေးသည်။

အိပ်ရာခင်းအားပြန့်နေအောင်ပြုပြင်ပြီး အခန်းသန့်ရှင်းရေးလည်း လုပ်လို့ထားရသေးသည်။

ခုံပေါ်မှ နာရီကိုလှမ်းကြည့်မိတော့ 5:30 သာရှိနေသေးသည်။

"စောသေးသားပဲ!!"

ကုတင်ပေါ်တွင်ထိုင်နေရင်းမှ ဝတ်ထားသောအင်္ကျီကို ပြန်နမ်းကြည့်မိသည်။

"ချွေးနံ့ နံ့နေမလား!!"

တရှုံ့ရှုံ့နမ်းကြည့်ပြီးနောက် ဝတ်ထားသော တီရှပ်ကို ဆွဲချွတ်ကာရေချိုးလိုက်တော့သည်။

ရေစက်တို့စိုနေသော ရင်ဘက်တစ်ဝိုက်အား ရေသုတ်ရင်း ဗီရိုရှေ့၌အဝတ်အစားတို့ကိုရွေးချယ်နေမိသည်။

"ဆော့ဂျင်ငယ်ရှေ့မှာ ဒီအဝတ်အစားနဲ့ကြည့်ကောင်းပါ့မလား!!"

တီရှပ်တချို့ကို ကပ်ကြည့်ရင်း မှန်တွင်ပေါ်လာသော ပုံရိပ်ကိုကြည့်ကာ ခေါင်းတခါခါနှင့်ဖြစ်နေတော့သည်။

"အကျီလေးထပ်ဝယ်ဦးမှပါပဲ!!"

တစ်ကိုယ်တော် ရေရွတ်မြည်တမ်းနေဆဲမှာပင် ringtone သံအပြည့်ထည့်ထားသော ဖုန်းလေးက မြည်လို့လာခဲ့သည်။

*SJN*

contact လေးကို မြင်လိုက်သည်နှင့် ဂျောင်ကုပြုံးရွင်ကာပင် ကိုင်လိုက်သည်။

"ဟဲလို..ဆော့ဂျင်ငယ်!!"

"ဂျွန်.. ကျနော်ရောက်ပြီ!!"

"ခြံရှေ့မှာလား!!"

"ဟုတ်တယ် ဂျွန်!!"

"ခဏစောင့်.. ကျနော်လာဖွင့်ပေးမယ်!!"

ဖုန်းလေးကိုချလိုက်သည်နှင့် ရွေးလက်စအကျီတွေထဲမှ အဖြူရောင်တီရှပ်ကိုသာကောက်စွပ်လိုက်ရသည်။

အိမ်ရှေ့တံခါးပြေးဖွင့်ခါနီးမှ တဗွက်ဗွက်နှင့်မောနေအောင်ဆူနေရရှာသောရေနွေးအိုးကိုလညိးပြေး၍ပိတ်ရသေးသည်။

ON AIR (completed)Where stories live. Discover now