နေ့တစ်နေ့၏အစပျိုးနေကျအတိုင်း မပါမဖြစ်သော Morning hug လေးနှင့်အတူ မှာကြားသွားလေသောစကားကြောင့် ဂျောင်ကုတစ်ယောက်ရေဒီယိုရှေ့ငုတ်တုတ်ထိုင်နေရသည်။
"ဂျွန်.. ဒီနေ့ရေဒီယိုနားထောင်မယ်မလား!!"
"နေ့တိုင်းကျနော်နားထောင်ဖြစ်ပါတယ်ဆော့ဂျင်ငယ်!!"
"အင်း... ဒီနေ့ သေချာပေါက်မလွတ်အောင်နားထောင်နော်!!"
အကြိမ်ကြိမ်မှာကြားချက်အား ခေါင်းပြုတ်ထွက်မတတ်ငြိမ့်ပြလေမှ ကျနော့်ပါးလေးအား ဖွဖွလေးဆွဲကာထွက်သွားလေတော့သည်။
သူထိတွေ့သွားသော ပါးပြင်လေးအားအသာအယာပွတ်ရင်းနှင့်ပင် ကုတင်အားမှီကာ ကြမ်းပြင်ထက်တွင်ငုတ်တုတ်ထိုင်ရင်း ရေဒီယိုကြီးအား တစိမ့်စိမ့်ထိုင်ကြည့်ကာစောင့်နေရသည်။
7:00 အတိသို့ရောက်သည်နှင့် Intro တီးလုံးသံနှင့်အတူ ဆော့ဂျင်ငယ်၏အသံတို့လည်းပေါ်ထွက်လို့လာခဲ့သည်။
ကုတင်ပေါ်လက်လေးထောက်ကာမေးလေးတင်ရငိး ငေးကြည့်နေရပါသော ကျနော့်နားထဲတွင် ပျားရည်အိုးလောင်းချသကဲ့သို့ ဆော့ဂျင်ငယ်၏အသံသည်သာယာလွန်းလှသည်။
"ကျနော်တို့ရဲ့ တစ်နေ့တာအစ ကောင်းသောဆုမွန်ကောင်းစကားတွေနဲ့ စတင်ဖို့ morning call အစီအစဥ်လေးနဲ့အတူ ဟောဒီက ကင်ဆော့ဂျင်လေးရောက်ရှိလာပါပြီ!!"
"ဟုတ်ပါပြီဗျာ!!"
ဆော့ဂျင်ငယ် ပြောတိုင်း လိုက်ပြောတတ်သည့်အကျင့်ကိုလည်းကျနော်မဖျောက်နိုင်သေးပေ။
ကိုယ့်အဖြစ်အားကိုယ်ရယ်မိရင်း ပြုံးစစမျက်နှာထားဖြစ်လို့လာခဲ့သည်။ပထမဖုန်းcall လေးပြောနေစဥ် အိမ်အောက်ထပ်မှအဒေါ်ကြီး၏အော်သံကြောင့် ဂျောင်ကုအပြင်သို့ထွက်ကြည့်မိသည်။
ဒုတိယထပ်ကအမျိုးသမီးငယ်တစ်ဦးနှင့် ရန်ဖြစ်နေသည်ပဲ။
"မနက်စောစောစီးစီးကို ရန်ဖြစ်နေကြပြန်ပြီ!!"
ဤကဲ့သို့သာမြည်တွန်တောက်တီးရင်းအခန်းထဲသို့ပြန်ဝင်လာခဲ့သည်။
အပြင်ခဏထွက်စဥ် ရေဒီယိုထဲမှကြေငြာချက်တစ်ချို့အား ဂျောင်ကုမကြားဖြစ်လိုက်ချေ။