မနက်ခင်းတစ်ခုအစပြုလို့လာသည်နှင့် ဆော့ဂျင်အလုပ်စတင်ရန် studio ခန်းနားတွင်တဝဲလည်လည်ရှိနေသည်။
ရှေ့အစီအစဥ်မပြီးဆုံးသေးသည့်အတွက် ခုံတစ်ခုတွင်သာဝင်ထိုင်နေလိုက်သည်။
တိုင်ကပ်နာရီသို့လည်း တကြည့်ကြည့်။"ကိုယ့်လူ စောလှချည်လား!!"
studio ခန်းထဲမှ ဝန်ထမ်းတစ်ဦးက ဆော့ဂျင်အား ပခုံးလေးပုတ်ကာမေးလိုက်သည်။
ဆော့ဂျင်ပြန်မဖြေခင်မှာတင် အကြောင်းသိနေသောသူငယ်ချင်းမှ"သူ့ရဲ့ဂျွန်ကို လာစောင့်တာနေမှာပေါ့!!"
"ဟာ...မဟုတ်တာ!!"
ပေါ်တင်ကြီး ခံစားချက်ကို လူမိသလိုဖြစ်လေတော့ ရှက်ပြုံးပြုံးကာငြင်းရပြန်သေးသည်။
"ငြင်းမနေနဲ့ကိုယ့်လူ... နှစ်ရက်ရှိပြီ ကိုယ့်လူမျက်နှာလေးပုံမှန်ထက်ပြုံးနေတာ!!"
ဟော... ကျနော်အဲ့သလောက်တောင် သိသာသွားသလား....
"ကြည့် ငြင်းစရာစကားမရှိတော့ဘူးမဟုတ်လား!!"
ဟာသတစ်ခုနှယ် ဝိုင်းဟားကာပြောနေကြတော့ ကျနော်မငြင်းချင်တော့ပေ။
"ငြင်းမနေတော့ပါဘူး...ဟုတ်တယ်ဗျာ..ဟုတ်တယ်...ကျနော့်ရဲ့ဂျွန်ကို လာစောင့်တာ!!"
ဂျွန်...ခင်ဗျားဘယ်သူဘယ်ဝါမှန်းမသိပေမယ့်... ကျနော်ဝန်ခံနေမိပြီ...ခင်ဗျားကိုစောင့်နေမိကြောင်း...
ဒီနေ့လည်းခင်ဗျားပေါ်လာမှဖြစ်မယ်နော်....
ကျနော်ခင်ဗျားကိုစောင့်နေတာ ခင်ဗျားသိမှသိပါ့မလား....
ဆော့ဂျင် သူ့အလှည့်ရောက်သောအခါ အစီအစဥ်မစခင် ပြင်ဆင်စရာများကိုသာပြင်ဆင်ထားလိုက်သည်။
"ကိုယ့်လူ.... ဂျွန် ဖုန်းဆက်ပါ့မလား!!"
"ဆက်မှာပါ...ကျနော့်ရဲ့ဂျွန်က!!"
"ဟုတ်ပါပြီဗျာ!!"
နာရီမှ 7:00 သို့ညွှန်လိုက်သည်နှင့် intro တီးလုံးလေးမှ စတင်ခဲ့သည် ။
"မင်္ဂလာပါ The Next Day ချန်နယ်မှ ကြိုဆိုပါတယ်!!"
"ကျနော်တို့ရဲ့ တစ်နေ့တာအစ ကောင်းသောဆုမွန်ကောင်းစကားတွေနဲ့ စတင်ဖို့ morning call အစီအစဥ်လေးနဲ့အတူ ဟောဒီက ကင်ဆော့ဂျင်လေးရောက်ရှိလာပါပြီ!!"