ON AIR 21

797 142 61
                                    

ပြေးဆင်းကာ ထွက်သွားရသော ဆော့ဂျင်ငယ်ရဲ့ကျောပြင်လေးကိုသာ မျက်စိတဆုံးကြည့်ပြီးနောက် အခန်းထဲသို့ဝင်ခဲ့သည်။

ရေချိုးမည့်ဆဲဆဲဖစ်နေသည့်အတွက် ခြေလှမ်းတို့သည်ရေချိုးခန်းဆီသို့သာ...
သို့သော် ကုတင်ဘေးနားရှိ ရေဒီယိုလေးဘက်သို့လှည့်ကြည့်မိသောအခါ ပြုံးပြမိသေးသည်။

သူ့ကြောင့်...သူ့ကြောင့်သာလျှင်ထိုကြိုးလေးကိုငြိတွယ်မိလေတာ...

လျှော်မည့်တောင်းထဲမှ အကျီတစ်ထည်အားယူပြီးနောက် ရေဒီယိုလေးရှိရာသို့ လျောက်လှမ်းလိုက်သည်။

ဟူးခနဲ မြည်အောင် ဖုန်တချို့ကို မှုတ်ထုတ်လိုက်သည်။
ထို့နောက် ယူလာသော အင်္ကျီလေးဖြင့် ရေဒီယိုလေးကို ပြောင်စင်လေအောင် ဖုန်သုတ်ပေးလိုက်သေးသည်။

"ကျေးဇူးပါကွာ...ငါ့ဘဝထဲ ဆော့ဂျင်ငယ်ကိုရှိစေခဲ့လို့!!"

ရေဒီယိုလေးအား လက်ဝါးလေးဖြင့်ပွတ်နေရင်းမှ ပြောဖြစ်နေခဲ့သေးသည်။

နာရီတစ်ချက်ကြည့်ပြီးနောက် ရေဒီယိုလေးကိုဖွင့်လို့ထားခဲ့သည်။
အိမ်မှာဆော့ဂျင်ငယ်နှင့်တွေ့ရသည်ဆိုပေမယ့် မနက်7:00 တိုင်းတွင် ဆော့ဂျင်ငယ်အသံကို ကြားရမှသာလျှင် စိတ်ချမ်းသာမှုအပြည့်ရှိလေသည်။

ရေဒီယိုအားအသံကုန်ဖွင့်ထားရင်းနှင့်ပင် ရေချိုးမည့်အစီအစဥ်အားပြန်လည်စတင်ရလေသည်။

"ကျနော်တို့ရဲ့ တစ်နေ့တာအစ ကောင်းသောဆုမွန်ကောင်းစကားတွေနဲ့ စတင်ဖို့ morning call အစီအစဥ်လေးနဲ့အတူ ဟောဒီက ကင်ဆော့ဂျင်လေးရောက်ရှိလာပါပြီ!!"

ရေချိုးနေစဥ် ရေသံများကြားမှ ဆော့ဂျင်ငယ်၏အသံကိုကြားလေတော့ ရေပန်းဘက်သို့မျက်နှာမူလိုက်ရင်းပြုံးနေဖြစ်သေးသည်။

"ဒီစကားလေးက ကျနော့်ကိုချုပ်နှောင်ခဲ့တာ ဆော့ဂျင်ငယ်ရေ!!"

တစ်ကိုယ်တည်းရေရွတ်နေပြီးကာမှ ရေမကျတော့အောင် ပိတ်လိုက်လေသည်။

သဘက်တစ်ထည်အားခါးတွင်ပတ်ပြီးနောက် ခန္ဓာကိုယ်ပေါ်ရှိ ရေစက်တစ်ချို့အား မျက်နှာသုတ်ပဝါတစ်ထည်ဖြင့်ရေသုတ်နေခဲ့သည်။

ON AIR (completed)Where stories live. Discover now