အပြေးအလွှားနှင့် ရောက်လာခဲ့သောဂျောင်ကုသည် ဒူးနှစ်ဖက်ပေါ်တွင်လက်နှစ်ဖက်အားတင်လျက် ခါးကိုင်းထားသည့်ပုံစံဖြင့် အမောဖြေလျက်ရှိနေခဲ့သည်။
"ဟူး....!!"
မောဟိုက်လွန်းစဖြင့် ထွက်ပေါ်လာသော လေပူတို့ကို တစ်ချက်မှုတ်ထုတ်လိုက်သည်။
လက်နှစ်ဖက်အား ခါးတစ်ဖက်တစ်ချက်စီတွင်ထောက်ထားလိုက်ပြီး ရေဒီယိုအသံလွင့်ရုံးကြီးအားမော့လို့ကြည့်မိသည်။
ခြေလှမ်းတို့သည် ဝင်ပေါက်သို့လှမ်းသောအခါ ဆုံလည်တံခါးကြီးမှကြိုဆိုလို့နေသည်။
အင်း....လွန်ခဲ့သောနှစ်ရက်ကလည်း သူဒီကို လာဖြစ်ခဲ့သေးတာပဲ...ရေခဲမုန့်တွေကိုင်လျက်နဲ့ပေါ့။
ဆုံလည်မှန်တံခါးကြီးဆီမှ ထွက်လာပြီးသည်နှင့် information counter သို့တန်းတန်းမတ်မတ်ပင်ဂျောင်ကုသွားလိုက်သည်။
"မင်္ဂလာပါရှင့်... ဘာများကူညီပေးရမလဲ! !"
"ကောင်လေး... ဟင့်အင်း ဆောဂျင် ကင်ဆော့ဂျင်ဘယ်မှာလဲ!!"
အရေးကြီးသုတ်ပြာပုံစံနှင့်မေးလာသော ဂျောင်ကုကို ကောင်တာမှမိန်းကလေးက အထက်အောက်စုန်ချည်ဆန်ချည်ကြည့်လေသည်။
တီရှပ်အနက်ကို ခပ်ပွပွဘောင်းဘီနှင့်တွဲဝတ်ထားသည့်အပြင် အိပ်ရာနိုးစတွင် ထမင်းစားကာထထွက်လာသောပုံစံဖြစ်နေသောကြောင့် ထိုမိနိးကလေးမှ လန့်နေပုံပေါ်သည်။
"ဒီမှာ... မေးနေတယ်လေ... ကင်ဆော့ဂျင်ရောလို့!!"
"အဲ့တာ... ကျမ မသိ!!"
"မသိလို့ရမလား!!!"
ဂျောင်ကုတစ်ချက်အော်လိုက်တော့ ကောင်တာအတွင်းမှမိန်းကလေးက တွန့်ခနဲဖြစ်သွားရသည်။
"လူကြီးမင်း..ဘာများကူညီပေးရမလဲရှင့်!!"
ခပ်ပြာပြာပြေးလာသော မိန်းကလေးက ကြားဝင်ကာ ထပ်၍ကမ်းလှမ်းလာပြန်သည်။
"ဆော့ဂျင်... ကင်ဆော့ဂျင် ဘယ်မှာလဲသိချင်တာ!!"
"ရှင်!!"
"morning call အစီအစဥ်ကလေ..ကင်ဆော့ဂျင်!!"
"ဪ.. သိပြီရှင့်.. ဒါနဲ့အကိုက ဟိုနေ့က ရေခဲမုန့်တွေ လာပို့သွားတဲ့တစ်ယောက်မလား... အကိုဆော့ဂျင်ရဲ့ပရိတ်သတ်ပဲ!!"