On Air 23

752 138 50
                                    

"ဂျွန်ရေ... ဂျွန်!!"

အသံခပ်ကျယ်ကျယ်ဖြင့် ကားပေါ်က ဆင်းကတည်းကပင် အော်ခေါ်နေသော ဆော့ဂျင်ငယ်ကြောင့် ဂျောင်ကု ကဗျာကယာ ထကာ ဝရံတာသို့ထွက်ကြည့်ရသေးသည်။

လူကို တိုင်းသိပြည်သိ ရည်းစားစကားပြောပြီးကာမှ အိမ်အရောက်ပြန်လာသော ချစ်သူ အသစ်စက်စက်လေးကို နှုတ်ခမ်းထက်တွင်လက်ညှိုးလေးတင်ကာ ရှူးတိုးတိုးပုံစံလုပ်ပြရသေးသည်။

သူနဲ့ကျနော်ရဲ့ မနက်ခင်းပဲသာယာနေသည်မဟုတ်လား...
အိမ်ရှင်အဒေါ်ကြီးကတော့ မနက်ခင်းတွင် တစ်ပွဲတစ်လမ်းနွှဲထားပြီးသူမို့ ဒုတိယပွဲသည် ဆော့ဂျင်ငယ်အပေါ်သို့မကျရောက်စေလိုပါ။

ပြုံးစိစိနှင့် အပြေးလာသော ဆော့ဂျင်ငယ်သည် လေလိုအလျှင်ဖြင့် လှေကားထစ်များကိုပါကျော်ခွ၍တတ်လာနေသေးသည်။

"ဆော့ဂျင်ငယ်... ပြုတ်ကျမယ်..ကျော်မတတ်နဲ့လေ!!"

စိုးရိမ်တကြီးနှင့် သူ့လက်လေးကို လှမ်းကိုင်လေတော့ ကျနော့်ရင်ခွင်ထဲသို့ ကလေးတစ်ယောက်လိုသူပြေးဝင်လို့လာခဲ့သည်။

"စိုးရိမ်နေခဲ့တာ... ဂျွန်လက်မခံမှာကို စိုးရိမ်နေခဲ့တာ!!"

"ကျနော်က ဘာ့ကြောင့်လက်မခံဘူးလိုထင်ရတာလဲ ဆော့ဂျင်ငယ်ရယ်!!"

ကျနော့်ခါးကို သူ့လက်လေးများဖြင့်ဖက်တွယ်ထားပြီး ရင်ခွင်ထဲ ခေါင်းတိုးဝှေ့နေသော သူ့အား ဆံပင်လေးများကို ကျနော်ဖွပေးနေမိသည်။

"မသိဘူး.. မနက်ကတည်းကစိတ်ပူနေတာ..ဂျွန်သာလက်မခံရင်!!"

"ဟင့်အင်း... အဲ့လိုမျိုးရှိလာမှာမဟုတ်ဘူး..ဆော့ဂျင်ငယ်..ဘာလို့လဲဆိုတော့!!"

ကျနော့်လေသံတစ်ချက်ဖြတ်တောက်ထားချိန်တွင် ရင်ခွင်ထဲမှသူ့မျက်နှာလေးက မော့ကြည့်လာသည်။

"ဆက်ပြောလေဂျွန်... ဘာလို့လဲ!!"

"အဟင်း... ကျနော့်ရဲ့ ရှင်သန်နေတဲ့နေ့ရက်တွေက ဆော့ဂျင်ငယ်ကြောင့်ပဲလေ!!"

ကျနော့်စကားလေးဆုံးတော့ ကလေးလေးလို ရင်ခွင်ထဲခေါင်းလေးပြန်တိုးဝှေ့ပြန်သည်။

ON AIR (completed)Where stories live. Discover now