ကုတင်ပေါ်တင်ထားသည့် ကြောင်ပုံစံနာရီထံမှ 6:45 တွင် alarm မြည်လာခဲ့သည်။
တိုင်ပင်ညှိထားသကဲ့သို့ပင် မျက်လုံးနှစ်လုံးသည် Alarm သံကြားသည်နှင့် အလိုလိုပွင့်လာခဲ့သည်။
မနက်ခင်းအစတွင် ပထမဆုံး အလုပ်သည် ရေဒီယိုဖွင့်ရန် သာဖြစ်သည်။
ကုတင်ပေါ်မှ ဂျောင်ကုဆင်းပြီးသည်နှင့် ဗီရိုပေါ်ရှိ ရေဒီယိုလေးနားသို့သွားလိုက်သည်။မနက်6 နာရီတွင် စတင်သည့် ရေဒီယိုအစီအစဥ်များသည် အကြောင်းအရာတစ်ခုခုအားကြေငြာနေသည်။
ဂျောင်ကုနားထောင်လိုသည်က 7 နာရီမှသာဖြစ်သည်။
ရေဒီယိုထဲက လူ၏အသံသည် ကောင်လေးအသံဟုတ်မဟုတ် ခဏနားထောင်လိုက်သည်။
မဟုတ်မှန်းသေချာလေတော့မှ ခပ်မြန်မြန်ရေချိုးထားရန် သူဆုံးဖြတ်ချက်ချလိုက်သည်။6:59 အချိန်တွင် သဘက်တစ်ထည်အား ခါးတွင်ပတ်ကာ ဝရုန်းသုန်းကား ရေချိုးခန်းထဲမှသူထွက်လာသည်။
ဆံစတစ်ချို့မှ ရေစက်များသည် တောင့်တင်းလှသော ခန္ဓာကိုယ်ပေါ်သို့ တစ်စက်ချင်း စီးကျလျက်ရှိသည်။
"မင်္ဂလာပါ The Next Day Radio ချန်နယ်မှ ကြိုဆိုပါတယ်... !!"
ကြောင်ပုံစံနာရီလေးအား ဖြတ်ကနဲလှည့်ကြည့်တော့ 7နာရီအတိတွင်ညွှန်ပြနေသည်။
ရေဒီယိုအတွင်းမှထွက်ပေါ်လာသော အသံသည် မျှော်နေမိသူ ကောင်လေး၏အသံဖြစ်နေသည့်အတွက် သူ ကျေနပ်စွာပြုံးလိုက်မိသည်။"ကျနော်တို့ရဲ့ တစ်နေ့တာအစ ကောင်းသောဆုမွန်ကောင်းစကားတွေနဲ့ စတင်ဖို့ morning call အစီအစဥ်လေးနဲ့အတူ ဟောဒီက ကင်ဆော့ဂျင်လေးရောက်ရှိလာပါပြီ!!"
ရေဒီယိုကြီးအား အကြည့်မပြတ်ပါပဲ ချိတ်တွင်ချိတ်ထားသော မျက်နှာသုတ်ပဝါအား ရေစိုနေသော ခေါင်းပေါ်သို့ပစ်တင်လိုက်သည်။
နှုတ်ဆက်စကားတွင် ကောင်လေး၏ နာမည်လေးကြားတဲ့အခါ စားပွဲပေါ်မှ ဘောပင်လေးအား ယူကာ နံရံတွင်ချိတ်ဆွဲထားသော ပြက္ခဒိန်ပေါ်တွင် ရေးမှတ်လိုက်သည်။
*ကင်ဆော့ဂျင်* ဟူ၍ပင်....
"ကဲ... ဒါဆို ကျနော်တို့ရဲ့ ဖုန်းခေါ်မယ့် အစီအစဥ်လေးကို စလိုက်ကြတော့မလား!!"