ON AiR 25 (Ending)

1.2K 144 59
                                    

အိတ်ကပ်အတွင်းရှိ passport ကိုစစ်ကြည့်ပြီးနောက် စားပွဲပေါ်ရှိ ticket များကို အပါယူလာခဲ့သေးသည်။

"E ticket ပါနေတာပဲ ဂျွန်ရယ်!!"

"ဆော့ဂျင်ငယ်နဲ့ ပထမဆုံး ခရီးစဉ်မှာ အရာအားလုံးကို အမှတ်တရဖြစ်စေချင်လို့!!"

ကျနော့်စကားအား မျက်လုံးလေးများမှေးစင်းသည်အထိ ဆော့ဂျင်ငယ်ကျေနပ်လို့နေလေသည်။

luggage အိတ်များအား ကားနောက်ခန်းအတွင်းသို့ထည့်ကာ လေဆိပ်သို့ထွက်ခွာလာခဲ့သည်။
ဆော့ဂျင်ငယ်အား.. ကိုယ်လူဟုခေါ်လေ့ရှိသော သူမှ လေဆိပ်သို့အချိိန်မှီလာကာ ကျနော်တို့နှစ်ယောက်အားနှုတ်ဆက်၍ ကားလေးအား ယူသွားပေးခဲ့သည်။

Check in ဝင်ပြီးသည့်နောက်တွင် ထွက်ခွာတော့မည့်လေယာဥိပေါ်သို့ ကျနော်တို့နှစ်ယောက် နောက်ဆုံးမှတတ်ဖြစ်ခဲ့သည်။

တဖြည်းဖြည်းနှင့်ဝေးကွာလာသော အမိမြေကိုငုံ့ကြည့်ရင်း ကျနော့်ရင်ခွင်ထဲသို့ ဝင်လာသော သူ့အားပွေ့ဖက်ပေးထားလိုက်သည်။

"ဂျွန်.. ကျနော်တို့က ဘာတွေလဲ!!"

"ဆော့ဂျင်ငယ်ကကျနော့်ရဲ့ တစ်ဦးတည်းသောသူ!!"

ကျနော့်အဖြေအား တခစ်ခစ်ရယ်မောရင်းနှင့်ပင် ချစ်ရည်ရွှမ်းသော မေးခွန်းများစွာထွက်ပေါ်လို့လာသည်။

Norway ၏ Tromso လေဆိပ်ရှိရာသို့အရောက်သွားပြီးနောက် ထိုမှတဆင့် Northern light များရှိရာသို့ခရီးဆက်ရပြန်သည်။

"ဆော့ဂျင်ငယ်.. ဘာလို့ နော်ဝေးလဲ!!"

"ဂျွန့်ကိုပြောထားပြီးတာကတစ်ကြောင်း... နောက်တစ်ခုက ညဘက်မှာတောင် အလင်းတန်းတွေတွေ့ရလို့!!"

သူ့အဖြေတိုင်းက ကျနော့်နားထဲတွင် ကျေနပ် စဖွယ်စီးဆင်းသွားသောအခါ သူ့နဖူးပြင်ထက်သို့ အနမ်းတစ်ပွင့်သက်ဆင်းစေသည်။

ကျနော်သူ့လက်အားဆုပ်ကိုင်ကာ hotel မှ လာရောက်ကြိုဆိုသော shuttle bus ပေါ်သို့ တက်လာခဲ့သည်။

လမ်းတစ်လျောက်လုံးသူ့လက်အား ကျနော်လွတ်မထားခဲ့ပါ..
ဆော့ဂျင်ငယ်သည်ကျနော့်၏ငြိတွယ်ခြင်းအရင်းအ​​မြစ် တစ်ခုဖြစ်သည့်အပြင် ကျနော့်၏ ချစ်ရသူလည်းဖြစ်သောကြောင့် သူ မကျန်ခဲ့စေရေးသည် ပထမဦးစားပေးဖြစ်သည်။

ON AIR (completed)Where stories live. Discover now