မုန်တိုင်းAlarm ဝင်လာသည့်ညက မိုးများမတိတ်တော့အောင်ရွာသွန်းလို့နေခဲ့သည်။
လျှပ်စီးများပြိုးပြိုးပျက်ပျက် လက်လာတိုင်းအခန်းတစ်ခုလုံးလည်းလင်းလို့သွားခဲ့သည်။ယခင်ကမှိုင်းတိုင်းတိုင်းအခန်းလေးသည် ထိုလျှပ်စီးကြောင်းကို ကာကွယ်နိုင်သော်လည်း ဆော့ဂျင်ငယ်၏ကောင်းမှုကြောင့်တောက်ပသွားသောအခန်းလေးသည် အလင်းတန်းများကိုပင်အတိုင်းသားမြင်နေရသည်။
တဗြောဗြောနှင့် ချနေသောမိုးသည် ရပ်ဖို့ရာလမ်းမရှိပေ။
မှန်ကိုကျော်ကာမြင်နေရသောသစ်ပင်တို့ပင်လဲကျတော့မည့်အလားလေတို့လည်းတိုက်ခိုက်နေခဲ့သည်။ဒီလိုညမျိုးဆို ကျနော်သိပ်မုန်းမိသည်။
နွေးထွေးမှုမရှိတဲ့အိမ်ထဲမှာ ကျနော်တစ်ယောက်ထဲအထီးကျန်လွန်းလှသည်။ထိုအချိန်မှာပင် ပြတ်တောက်သွားသောလျှပ်စစ်မီးကြောင့် အခန်းတစ်ခုလုံးအမှောင်ထုကကြီးစိုးသွားလေသည်။
မိုးချုန်းသံတစ်ကြိမ်မြည်ဟီးတိုငိး နားနှစိဖက်ကိုပိတ်ထားနေမိသည်။
လျှပ်စီးတစ်ခါလက်တိုင်းလည်းမျက်ဝန်းတစ်စုံကိုတင်းကျပ်အောင်ပိတ်နေရစမြဲ။ညတွေကိုကျနော်မုန်းတယိ... အထူးသဖြင့်ဒီလိူညမျိုးတွေ....
ခြောက်ခြားစရာကောင်းလှသောမိုးရေစက်သံတို့သည် တပါးသူအတွက်သာယာချင်သာယာမည်။ ကျနော့်အတွက်တော့သာယာခြင်းနတ္ထိပင်။
ကုတင်ပေါ်တွင်စောင်ကိုခြုံ၍ ကျုံ့ကျုံ့လေးထိုင်ကာထိုညကိုတစ်ယောက်ထဲ ကြိတ်မှိတ်ကာဖြတ်သန်းရသည်။
မနက်မိုးလင်းသွားရင်...အားလုံးအဆင်ပြေသွားမှာပါဟူ၍ပင် ကိုယ့်ကိုယ်ကို နှစ်သိမ့်နေရတော့သည်။
တစ်ချက်ချက်ဖြင့်ရွေ့လျားနေသောစက္ကန့်တံတို့သည် မနက်5:30 သို့ပင် ပြနေလေသည်။
ထိုစဥိ တိတ်ဆိတ်နေသောအခန်းတွင်းအား ဖုန်းမြည်သံလေးက တိတ်ဆိတ်မှုအားဖောက်ထွင်းလိုက်သည်။ခေါ်ဆိုနေသူအားကြည့်စရာမလိုတော့သည်အထိ ကျနော်သိသည်။
ဒီအချိန်ဆိုဆော့ဂျင်ငယ်ပဲဖြစ်မည်။