စောစောနိုးထနေခဲ့သော ဂျောင်ကုသည် အလုပ်ပိတ်ရက်ဖြစ်သည်မို့ ကုတင်ပေါ်တွင်လှဲလျောင်းလျက်ရှိသည်။
သို့သော် ရေဒီယိုအားဖွင့်ထားပြီးနှင့်နေပြီဖြစ်သည်။
မျက်နှာထမသစ်သေးပါပဲ စားပွဲပေါ်ရှိ အာဖျန်းရည်အား ထယူကာ ဖျန်းထားလိုက်သေးသည်။လက်နှစ်ဖက်ဖြင့်အုပ်ကာ တစ်ချက်အနံ့ခံပြီးသာ့်နောက်တွင် ကျေနပ်သည့်ဟန်ခေါင်းငြိမ့်လိုက်သည်။
ပိတ်ထားသောပြတင်းပေါက်အားဖွင့်လှစ်လိုက်ပြီး ညစ်နွမ်းနေသောလိုက်ကာစကိုဘေးသို့ကပ်လိုက်သေးသည်။
ပြတင်းပေါက်ဘောင်တွင်လက်နှစ်ဖက်ထောက်ကာ မိုးကောင်းကင်သို့မော့ကြည့်မိသည်။
ရွှေ့လျားနေသောတိမ်စိုင်တစ်ချို့နှင့်အတူ နေရောင်ခြည်ခပ်နွေးနွေးက ပက်ဖျန်းနေလျက်ရှိသည်။7နာရီအတိတွင် morning call အစီအစဥ်၏ intro တီးလုံးသံကြားသည်နှင့် ကုတင်ပေါ်သို့ သူပြန်ပြေးတတ်လာခဲ့သည်။
အားသွင်းထားသောဖုန်းကိုဖြုတ်ကာ ခေါင်းအုံးအားပိုက်ထားရင်း ရေဒီယိုကို ကုတင်ပေါ်မှထိုင်နေရင်း ကြည့်နေမိသည်။
"မင်္ဂလာပါ... The Next Day ချန်နယ်မှကြိုဆိုပါတယ်!!"
ရေဒီယိုထဲက ကောင်လေးအသံသည် သာယာချိုမျှစွာဖြင့် သူ့နားထဲတွင်စီးဝင်သွားသည်။
အပြုံးချိုချိုတို့က နှုတ်ခမ်းတို့အားကွေးညွှတ်စေခဲ့ပြီး လက်ဝါးလေးနှစ်ဖက်ကို အသံမထွက်အောင်လက်ခုတ်တီးနေမိသည်။
နှုတ်မှလည်း...
"ကောင်လေးလာပြီ...လာပြီ!!"
ဟူ၍ ရေရွတ်နေသေးသည်။
"ကျနော်တို့ရဲ့ တစ်နေ့တာအစ ကောင်းသောဆုမွန်ကောင်းစကားတွေနဲ့ စတင်ဖို့ morning call အစီအစဥ်လေးနဲ့အတူ ဟောဒီက ကင်ဆော့ဂျင်လေးရောက်ရှိလာပါပြီ!!"
ရေဒီယိုအား ထိုင်ကြည့်ရင်း ထုံးစံအတိုင်းခေါင်းငြိမ့်ပြနေသေးသည်။
"ကျနော်လည်းရေဒီယိုရှေ့ရောက်ပြီ!!"
ကျေနပ်နေသော ဂျောင်ကု၏ အသံသည် ပုံမှန်ထက်ပင်ပျော်ရွင်မှုများစီးဝင်နေခဲ့သည်။