ဆင်ခြေဖုန်း ရပ်ကွက်တစ်ခုတွင်နေသော ဂျောင်ကု၏အခန်းလေးသည် သုံးထပ်တိုက်တစ်ခု၏ ခေါင်မိုးထပ်အခန်းလေးဖြစ်သည်။
slide door လေးမို့ ဘေးဘက်သို့တစ်ချက်တွန်းပြီး အိမ်အပြင်ကိုထွက်ခဲ့သည်။
မနက်8:00
လွန်ခဲ့သောတစ်နာရီခန့်က ဒီလောကကြီးကိုနှုတ်ဆက်ဖို့ရာကြိုးစားနေခဲ့သော သူသည် လတ်တလောတွင် အလုပ်သွားရန်အခန်းအပြင်သို့ရောက်နေခဲ့ပြီဖြစ်သည်။
ကျောပိုအိတ်အား သေချာလွယ်ပြီးသည့်နောက်တွင် အခန်းအားတံခါးသေချာလော့ချလိုက်သည်။
တံခါးသော့အား ဘေးနားရှိပန်းအိုးအောက်တွင်ထားကာ သာယာသောမနက်ခင်းအားဆောင်ကျဥ်းလာသည့် နေမင်းကြီးကိုမော့ကြည့်လိုက်သည်။
"ဂျွန်....Have A Good Day!!"
ရေဒီယိုထဲက ကောင်လေး၏အသံသည် အခုထိ ကြားနေဆဲပင်....
သို့သော် ထိုကောင်လေးရဲ့ နာမည်ကို ကျနော်သတိမထားလိုက်မိပါ...ကျနော်သူ့ကို ရေဒီယိုထဲကကောင်လေး လို့သာ မှတ်မိနေသည်...သူ့ရဲ့ ဆုတောင်းပြုသံနှင့် ယှဥ်တွဲ၍ပေါ့....
ဆင်းလာရသည်က သံလှေကားတွေမို့ ခြေသံတွေသည် ခပ်ပြင်းပြင်းထွက်ပေါ်လို့နေသည်။
"ဟိုကောင်လေး...ဖြေးဖြေးဆင်းစမ်းပါ... ဒီမှာမနက်စာ စားနေတယ်ဟဲ့!!!"
ထိုအသံသည် အိမ်ရှင်အဒေါ်ကြီး၏အသံ သာဖြစ်သည်။
သုံးထပ်တိုက်၏ အောက်ဆုံးထပ်သည် အိမ်ပိုင်ရှင်မိသားစုနေထိုင်ပြီး အလယ်ထပ်သည်လည်းငှားရမ်းထားခြင်းဖြစ်သည်။
အပေါ်ဆုံးခေါ်မိုးထပ်သည် ဂျောင်ကုငှားထားခြင်းဖြစ်သည်။
ဒူးတစ်ဖက်ထောင်ကာ စားပွဲဝိုင်းအသေးလေးဖြင့် ထမင်းထိုင်စားနေသော အိမ်ရှင်အဒေါ်ကြီး။
ကင်ချီတစ်ဖက်အားပါးစပ်ထဲကောက်ထည့်ဝါးရင်း ဂျောင်ကုကို လှမ်းအော်လိုက်ခြင်းဖြစ်သည်။
ကျောပိုးအိတ်ကို နောက်ကျောတွင်လွယ်ထားပြီး လက်နှစ်ဖက်နှင့် ကြိုးများကိုကျနော်ဆုပ်ကိုင်ထားမိသည်။