ဆယ်ရက်ခန့်ကြာပြီးသည့်နောက်.....
ထိုဆယ်ရက်တာဝန်းကျင်သည် ဂျောင်ကုအတွက် အိပ်ရာထချိန်ပြောင်းလဲသွားခဲ့ရသည်။
မနက်5:00 ဆိုလျှင်နိုးနေကာ ရေနွေးအိုးတည်ရခြင်းက ဂျောင်ကု၏အလုပ်တစ်ခုဖြစ်ခဲ့သည်။
နာရီကို ငေးနေရင်း 5:45 နှင့် 6:00 ကြားရောက်သည့်အခါ ခြံရှေ့ရောက်နေတတ်သည့် ကောင်လေးကိုလည်းစောင့်မျှော်ရသေးသည်။
ကောင်လေးကြောင့်ဒီရက်ပိုင်းလှေကားအားဖြေးဖြေးဆင်းခြင်းအကျင့်လည်း ကျနော်ရသွားသေးသည်။
တဒီဒီမြည်လာသောဖုန်းကြောင့် ဆော့ဂျင်ငယ်အိမ်ရှေ့ရောက်နေမှန်းသိလိုက်ရသည်။
ခြံတံခါးဆင်းဖွင့်ပေးလေတော့ အပြုံးချိုချိုလေးကအမြဲအသင့်စောင့်လို့နေတတ်သေးသညိ။
ဖိနပ်ချွတ်ပြီးအပေါ်တတ်ဖို့ရန်လညိး ကောင်လေးအားမှာကြားရန်မလိုပေ။
အလိုက်သိသောကောင်လေးက တစ်ရက်ပြောထားရုံနှင့်မှတ်ထားပေးသည်။အပေါ်ရောက်လေတော့ ကော်ဖီဖျော်မည့်ကျနော့်လက်ကို ဆော့ဂျင်ငယ်ကဆွဲလို့ထားလေသည်။
"ဂျွန်!!"
ခေါင်းတစ်ချက်ငြိမ့်ပြလိုက်လေတော့ သွားလေးတွေပေါ်အောင် ရယ်ပြလာသေးသည်။
"ဒီနေ့မနက်အတွက် ကော်ဖီကို ကျနော်ဖျော်ပေးမလို့!!"
"မဟုတ်တာပဲ... ဆော့ဂျင်ငယ်ပြောတော့ ကျနော်ဖျော်တာသောက်ချင်လို့ သက်သက်မဲ့လာသောက်နေတာမဟုတ်ဘူးလား!!"
"ဂျွန်က..ကျနော်ဖျော်တိုက်တာ မသောက်ချင်လို့ငြင်းနေတာလား!!"
မျက်နှာငယ်လေးနှင့် ပြန်မေးလာသော ဆော့ဂျင်ငယ်ကြောင့် ဂျောင်ကု သက်ပြင်းအသာယာချလိုက်သည်။
"မဟုတ်ပါဘူး... သောက်ချင်တာပေါ့လို့!!"
"အင်း.. အဲ့လိုမှပေါ့ ဂျွန်ရဲ့!!"
ကလေးတစ်ယောက်ကဲ့သို့ ကျနော့်ခေါင်းပေါ်ကို ဖွဖွလေးပုတ်သွားခဲ့သည်။
ကျနော် သူ့အား ကလေးတစ်ယောက်လိုမြင်နေသလို သူလည်း ကျနော့်အား ကလေးတစ်ယောက်လိုများမြင်နေလေသလား။