ပွက်ပွက်လောဆူနေတဲ့ ရေနွေးအိုးကို ခလုတ်ပိတ်ကာ ကော်ဖီမှုန့်အသင့်ထည့်ထားသော ဖန်ခွက်နှစ်ခုထဲသို့ ရေနွေးတို့ကိုထည့်လိုက်သည်။
ဇွန်းအရှည်တစ်ချောင်းကိုယူကာ အသံမြည်အောင်မွှေနေရင်း ရေချိုးခန်းထဲကရေကျသံဘက်ကို နားထောင်လို့ကြည့်မိသည်။
မိုးမရွာတော့ပဲ တိမ်ကင်းစင်နေသောကောင်းကင်ကြီးကြောင့် မနက်စာအား ဝရန်တာတွင်သာပြင်ဆင်လိုက်သည်။
ပေါင်မုန့်ယိုသုတ်နှင့် ကော်ဖီနှစ်ခွက်အားချထားလိုက်ပြီး ပြင်လက်စ ထမင်စဘူးကို ဆက်၍လုပ်နေခဲ့သည်။
ဆော့ဂျင်ငယ်အတွက် ထမင်းဘူးပြင်ဆင်ပေးရသည်ဟူသောစိတ်က အတွေးတို့ကို နယ်ချဲ့ပေးလိုက်သည်။
ကျနော်တို့က ကြင်စဦးလိုလို...ဘာလိုလိုနဲ့...
ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်စွာပြုံးနေဆဲမှာပင်
သဘက်အားခြုံထားသော ဆော့ဂျင်ငယ်သည် ခန္ဓာကိုယ်လေးကိုစောင်းကာ ငုံ့ထားလျက်ရှိသော
ကျနော့်မျက်နှာကို လာရောက်ကြည့်သည်။"ပြုံးနေတာပဲ..ဂျွန်က!!"
သူ့စကားသံကြောင့် ကျနော်မော့လို့ကြည့်တော့ တောက်ပနေတဲ့သူ့မျက်ဝန်းများနှင့် အကြည့်ချင်းစုံလို့သွားသည်။
"အဟမ်း... ဒီနေ့တော့ နေ့လည်စာက စားကောင်းနေတာမှာပဲ!!"
ဆော့ဂျင်ငယ်မှ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြင်ဆင်ထားသော ထမင်းဘူးကိုကြည့်ကာပြောလာခဲ့သည်။
"ဒါပေါ့.. ကျနော်ကိုယ်တိုင်လုပ်ထားတာပဲဟာ!!"
"အင်းပါ.. သိပါတယ်ဗျ!!"
ကျနော့်ပခုံးကို သူ့ပခုံးလေးနှင့် တစ်ချက်တိုက်လိုက်ပြီး သူသိကြောင်းကိုပြောလာသည်။
တစ်ဖက်လှည့်ကာ အဝတ်အစားရွေးနေသောသူ့ကို လှည့်ကြည့်ဖို့ရာ ကျနော့်တွင်အင်အားမရှိသည့်အတွက် ခပ်သုတ်သုတ်ပင်အိမ်ရှေ့သို့ထွက်ခဲ့လိုက်သည်။အိမ်ရှေ့တံခါးဝရောက်မှ သူရှိရာသို့တစ်ချက်လှည့်ကြည့်မိသည်။
ဖြူစင်လွန်းပြီး နူးညံ့လွန်းသောအသားရေလေးတို့သည် ထိတွေ့ချင်စရာကောင်းလှသည်အထိ ဆွဲဆောင်မှုအပြည့်နှင့် ညှို့ငင်နေခဲ့သည်။