အစီအစဥ်အားတင်ဆက်နေချိန်တစ်လျောက်လုံး မှန်ပြင်ခြားနားထားသည့်နောက်မှ ဂျွန့်အား ကျနော် ငေးလို့ ကြည့်နေမိသည်။
ဒီလူသားသာ ကျနော့်အပိုင်ရယ်လို့ဖြစ်လာခဲ့ရင် မနက်ခင်းတိုင်း မှာ ကျနော်သူ့ကိုငေးကြည့်နေခဲ့မှာ....
အချိန်ရှိသရွေ့ဆိုပိုမှန်ပေမည်။ကျနော်ဖုန်းcall တွေကိုလက်ခံနေပေမယ့် ကျနော့်အာရုံတွေသည် ဂျွန့်တစ်ဦးထဲထံတွင်ရောက်လို့နေခဲ့သည်။
ကျနော့်အကြည့်တွေကြောင့် ဂျွန့်ကိုတခြားလူတွေကဝိုင်းကြည့်တော့ ကျေနပ်မိသလို သဝန်လည်းတိုမိသား....
စီနီယာပတ်က နှုတ်ဆက်စကားပြောနေတာမြင်တော့ နည်းနည်းတော့စိတ်ပူမိသေးတယ်။
ဂျွန်က ကျနော့်ကိုအသံနဲ့စပြီးခင်တွယ်တာမျိုးဆိုရင် စီနီယာပတ်ရဲ့အသံကလည်း ခင်တွယ်ချင်စရာလေးလေ...အကယ်၍ ကျနော့်နေရာမှာ စီနီယာ ပတ်ကို အစားထိုးသွားရင်....
ထိုအတွေးတွေ ကြီးစိုးလာလေတော့ အစီအစဥ်အား မြန်မြန်လက်စသတ်ကာ studio ခန်းထဲမှထွက်ရန်ကြံရတော့သည်။
နောက်ဆုံး call အထိ ပြီးဆုံးသွားချိန်တွင် ပစ္စည်းများအား အစီအရီ ပြန်ထားနေသောကျနော့်အနားသိူ့ စီနီယာပတ်က ရောက်လာသည်။
နောက်အစီအစဥ်က စီနီယာရဲ့အစီအစဥ်လေ။
"ဆော့ဂျင်..မင်းအရမ်းကံကောင်းတယ်!!"
ဂျွန့်ဘက်သို့မေးတစ်ချက်ငေါ့ပြရင်း ကျနော့်ပခုံးလေးပုတ်ကာ စီနီယာပတ်ကပြောလာသည်။
"ဂျွန်လား!!"
"အင်း.. မင်းရဲ့ဂျွန်က မင်းမှမင်းပဲ!!"
"ကျနော်ကလည်း သူမှသူပါပဲဗျာ!!"
"အဆင့်တတ်တော့လေ..လက်နှေးမနေနဲ့ ဆော့ဂျင်!!"
"Plan တွေ A to Z ဆွဲထားပြီးသား စီနီယာရေ!!"
"ကောင်းပါ့ကွာ!!"
စကားလက်စဖြတ်ပြီးနောက် အားလုံးကိုနှုတ်ဆက်ကာ ဂျွန့်လက်လေးကိုဆွဲ၍ထွက်လာခဲ့သည်။
"ကိုယ့်လူ နေပါဦးကွ!!"
လုပ်ဖော်ကိုင်ဖက်ကြီးက အော်ခေါ်လေတော့ ဂျွန့်ကို ခဏနော်ဟုပြောကာ ထားခဲ့ရသည်။