မနက်ခင်းတစ်ခု အစပြုလာလေတော့ ရေဒီယိုလေးအနားသို့ အပြေးလေးရောက်သွားခဲ့ရသည်။
အနည်းငယ်နောက်ကျမှနိုးထလာရသောမနက်ခင်းဖြစ်နေသဖြင့် နာရီလက်တံသည် 6:55 သို့ညွှန်ပြနေလေသည်။အားသွင်းထားသော ဖုန်းလေးအား ဖြုတ်လိုက်ပြီးနောက် ကုတင်ပေါ်တွင် မှောက်လျက်အနေအထားအတိုင်း 7:00 ထိုးရန်စောင့်နေခဲ့သည်။
နာရီလက်တံ 7:00 တိတိသို့ညွှန်ပြလေသောအခါ Intro တီးလုံးသံနှင့်အတူ သူ့ရင်ခုန်သံတို့လည်းမြန်ဆန်လျက်ရှိလေသည်။
ကောင်လေးအသံကြားရတော့မည်မဟုတ်လား....
"မင်္ဂလာပါ The Next Day ချန်နယ်မှ ကြိုဆိုပါတယ်!!"
ရေဒီယိုထဲကကောင်လေးအသံကြားရသည်နှင့် ကြည်နူးမှုတို့ကြောင့် ခေါင်းအုံးလေးကိုပင်ပိုက်ကာ ကုတင်ပေါ်တွင်ထိုင်နေလိုက်သည်။
ပေါင်ပေါ်ခေါင်းအုံးတင်၍ လက်နှဖက်ကပိုက်ထားသေးသည်။ မေးအား ခေါင်းအုံးပေါ်တင်ပြီးနောက် အသံအကုန်ချဲ့ထားသော ရေဒီယိုကို ရွန်းရွှန်းစားစားကြည့်နေလေသည်။
"ကျနော်တို့ရဲ့ တစ်နေ့တာအစ ကောင်းသောဆုမွန်ကောင်းစကားတွေနဲ့ စတင်ဖို့ morning call အစီအစဥ်လေးနဲ့အတူ ဟောဒီက ကင်ဆော့ဂျင်လေးရောက်ရှိလာပါပြီ!!"
"မင်္ဂလာပါ ဆော့ဂျင်ငယ်!!"
ရေဒီယိုထဲက ကောင်လေးနှုတ်ဆက်တိုင်း လိုက်နှုတ်ဆက်နေမိသည်မှာ ဂျောင်ကု၏အကျင့်တစ်ခုလိုဖြစ်လာခဲ့သည်။
"ကဲ ပထမဆုံး call လေးကို စတင်လိုက်ရအောင်!!"
ကောင်လေးထံမှ call လက်ခံတော့မည့ဆိုသည်နှင့် ဂျောင်ကုလက်တို့သည်လည်း ဖုန်းscreen ပေါ်တွင်အပြေးအလွှားဖြစ်သွားရသည်။
သို့သော် ပထမcall သည် သူ့အတွက်မဟုတ်ခဲ့ပေ။
အားမလျော့တမ်း ဒုတိယcall နှင့် တတိယcall ကိုလည်း ဂျောင်ကု ကြိုးစားပြန်သည်။
ဂျောင်ကု၏ကံတရားသည် မျက်နှသာမပေးသေးသည်မို့ နောက်ဆုံးcall ကိုသာ မျှော်လင့်နေမိတော့သည်။
"သုံးယောက်တောင်ပြီးသွားပြီဆိုတော့ နောက်ဆုံး call ကိုရောက်တော့မှာပဲ... အချိန်တွေက ကုန်မြန်တယ်နော်!!"
![](https://img.wattpad.com/cover/315291653-288-k901572.jpg)