ON AIR 12

783 153 124
                                    

Daily ပေးထားသော Alarm လေးမြည်လာချိန်မှာ ကုတင်ခြေရင်းတွင်ငုတ်တုတ်ထိုင်ရင်းမိုးလင်းခဲ့ရသောဂျောင်ကုတစ်​ယောက် ကုတင်ပေါ်မှ ဖုန်းလေးအားပြေးကာထယူရသည်။

ပုံစံမပြောင်းပါပဲထိုင်ထားခဲ့သော ခြေထောက်တို့သည် နာကျင်မှုအားအပြည့်အဝခံစားနေရသောကြောင့် ကုတင်ပေါ်သို့ ပုံလျက်သားလေးလဲကျသွားခဲ့ရသည်။

တကျွတ်ကျွတ်မြည်တမ်းရင်းနှင့်ပင် ရေဒီယိုကို ဖွင့်လို့ထားလိုက်သည်။
7:00 မထိုးသေးသော နာရီကြောင့် နာရီလက်တံတို့ကိုပင် ပြေး၍လှည့်ပစ်လိုက်ချင်မိသည်။

"ဟူး... ကြာလိုက်တာကွာ!!"

သက်ပြင်းရှည်တစ်ချက်ချကာ ငြီးငြူနေသောဂျောင်ကုသည် ဝတ်ထားသောအဖြူရောင်တီရှပ်အားလုံးထွေးကာ နာရီထံသို့ပစ်ပေါက်လိုက်သည်။

ပွရှုပ်နေပါသောဆံပင်တို့ကိုလည်း ပို၍ရှုပ်သွားအောင် ကုတ်နေခဲ့သေးသည်။

ဖုန်းခေါ်၍မရခဲ့သောမနေ့ကတစ်နေ့လုံး အစားမစားပဲထိုင်နေခဲ့သည့်အတွက် ဗိုက်ထဲမှလည်းတဂွီဂွီမြည်လို့နေလေသည်။

သို့သော် အရာတစ်ခုအားစွဲလမ်းမိပါသောဂျောင်ကုအတွက်ဗိုက်ဆာခြင်းအမှုကိုလည်း ဂရုစိုက်မိဟန်မပေါ်ပေ။

သူစွဲလမ်းမိသည်က လူသားတစ်​ယောက်ဖြစ်နေခဲ့ခြင်းက ကံတရားသာပင်။

တစ်ချက်ချက်နှင့်ရွေ့နေပါသော နာရီလက်တံသည် 7:00 အတိသို့ညွှန်ပြချိန်တွင်ရေဒီယိုအတွင်းမှ Morning call အစီအစဥ်၏ intro တီးလုံးလည်းပေါ်ထွက်လို့လာခဲ့သည်။

နာရီဘက်သို့ဂျောင်ကုမျက်နှာမူထိုင်နေရာမှ ချက်ချင်းပင် ရေဒီယ်ိုဘက်သို့လှည့်ကာထိုင်လိုက်သည်။

ချစ်ရသူတစ်ဦး၏မျက်နှာအားကြည့်နေသကဲ့သို့ပင် ရေဒီယိုကြီးအားစိုက်၍ကြည့်နေခဲ့သေးသည်။

ရေဒီယိုသာ အသက်ရှိနေခဲ့ပါလျှင် ရှက်လို့နေပေဦးတော့မည်။

"မင်္ဂလာပါ The Next Day ချန်နယ်မှ ကြိုဆိုပါတယိ!!"

ရေဒီယိုထဲက ကောင်လေးအသံအနည်းငယ်ပေါ်ထွက်လာရုံနှင့် ဂျောင်ကု ပြုံးလို့သွားသည်။

ON AIR (completed)Where stories live. Discover now